သခင်စေရာ

10.8K 491 2
                                    

"Tough me like you do
Tough..tough..tough.me..
သခင်ညကသောက်တာများသွား၍ဒီနေ့မနက်မထနိုင်ပေ။
ဖုန်းသံကလည်း ဆူညံစွာထွက်ပေါ်လာလေသည်။ သခင်မျက်လုံးမဖွင့်ပဲ လက်ဖြင့်ဖုန်းအားလှမ်း၍စမ်းနေလေသည်။

"အင်း hello"
"ဟျောင့် ထတော့ဟ မင်းဟာလေးအကြောင်းစုံစမ်းခိုင်းထားတာပြောမလို့"

စစ်မှူးမှပြောလိုက်သည်နှင့်သခင်ကငေါက်ခနဲဖုန်းကိုင်ပြီးထထိုင်ပြီးသား။

"အေး ပြော"
"အေး အဲ့ကောင်လေးက မြတ်ထွဋ်ခေါင်coffeဆိုင်မှာလည်းအလုပ်ဝင်နေတယ်ဟ ပြီးတော့မင်းclub
မင်းပိုင်တဲ့Clubမှာလည်း သူကညပိုင်းအချိန်တွေဝင်လုပ်တယ် သူ့မှာ အဖေမရှိဘူးကွာ သူ့အမေနဲ့ ညီလေး ညီမလေးတွေကို လုပ်ကျွေးနေတာ ပိုက်ဆံမရှိဘူးပေါ့ကွာ သူ့အမေကရောဂါသည် သူ.."

"တီ"

မင်းသခင်စစ်မှူးပြောတာတွေကို မသိချင်တော့ သူအဲ့အကောင်ပေါက်ကိုဘယ်လိုကိုင်တွယ်ရမလဲသိပြီ။သူကိုယ်တိုင်လည်း ဒီကလေးတယောက်ဖို့ဘာလို့အခုလိုသည်းကြီးမည်းကြီးစုံစမ်းနေမိမှန်းမသိ။သူ့အတွတ်ဆို ယောကျာ်းလား မိန်းမလား အဲ့ကလေးထက်သာတဲ့လူတွေကိုပဲရနိုင်တဲ့အခြေအနေမျိုးမှာမှ ဒီကလေးကိုသူဘာလို့ဒီလိုလုပ်နေမိတာလဲ။သေချာတယ် အဲ့ကလေးကသူ့အတွတ်ကစားစရာကောင်းတဲ့အရုပ်တစ်ရုပ်မို့။
❤ ... ❤ ❤
သခင်Clubကအိမ်အပြန် အိမ်မှာလူတွေစုရုံးရုံးနဲ့မို့အမြန်အိမ်ကိုပြေးသွားလိုက်သည်

"လင်းမြတ်လာပြီဟေ့"
ရပ်ကွက်ထဲမှလူတယောက်အော်လိုက်သည်နှင့်သူအိမ်ပေါ်သို့ကမူးရူးထိုးတက်သွားသည်။

"ကလေး မင်းအမေကနှလုံးဖောက်နေတာ ဆေးရုံကိုအမြန်တင်ရမယ်"
သူကိုယ်တိုင်လည်းကလေးသာသာအရွယ်မို့ဘာမှမလုပ်တတ်မိ။ရပ်ကွက်ထဲကလူကြီးတွေဦးစီးပြီးမေမေ့ပိုဆေးရုံပို့ပေးကြသည်။သူတို့မောင်နှမသုံးယောက်ပါဆေးရုံလိုက်လာကြသည်။

ဆေးရုံမှnurseကလေးမှ
"လူနာကိူခွဲစိတ်ဖို့ ဒီမှာလက်မှတ်ထိုးပေးပါ"

လင်းမြတ်လက်မှတ်ထိုးပြီးသည်နှင့်

"ဆရာမ ခွဲစိတ်တာ ဘယ်လောက်လောက်ကုန်မှာလဲဟင်"
"ကျွန်မတို့လည်းမပြောတတ်ဘူးရှင့် သိန်း(၅၀)ပတ်ဝန်းကျင်လောက်ကျမယ်နဲ့တူတယ်"

သခင်စေရာWhere stories live. Discover now