သခင်စေရာ

8.7K 359 1
                                    

သခင်စေရာ အပိုင်း(၁၅)🔕🔕

Super M caseနဲ့မို့ခုမှတင်ဖြစ်တာ

မနက်က ဦးထွဋ်သည်သူနှင့့်စကားများသွား၍ ကော်ဖီတောင်သောက်မသွားပေ။အရင်ကCompanyက ကန်တင်းတွင် ထမင်းစားသော်လည်းသူရှိနေပြီပဲ သူတတ်သလောက်လေးချက်၍သွားပို့ရမည်။

ကောင်းကင်တယောက်ထဲ လိုင်းပေါ်မှဟင်းချက်နည်းတွေရှာ၍ တတ်သလောက်ချက်နေလေသည်။သူချက်ပြီးသောအခါ နေ့လည်၁၁ပင်ထိူးနေလေပြီ။

"အကျင့်ဆိုးကြီးကို အမြန်သွားပို့ရမယ် ငါ့ကိုအမြင်ကြည်အောင်လုပ်ရမယ်"

သူရေချိုးပြီးသည်နှင့် အိမ်မှာလည်းဦးထွဋ်က ကားတစီးပဲယူထား၍ အိမ်မှာကားမရှိပေ။သူTaxiစီးပြီးပဲသွားပို့ရမယ်။

သူ ဦးထွဋ်တို့companyအထပ်သို့ရောက်သည်နှင့် ဦးထွဋ်အခန်းရှေ့ကအမတယောက်အားမေးလိုက်သည်။

"အမ သူဋ္ဌေး ဦးမြတ်ထွဋ်ခေါင်နဲ့တွေ့ချင်လို့ပါ ကောင်းကင်ယံလို့ပြောပေးပါနော်"

"အော် သူဋ္ဌေးကောင်လေးပဲ ရတယ် မောင်လေး ဝင်သွားလိုက်လေ"
ဦးထွဋ်ကတခါတလေ သူ့ဝါသနာအရ ဖွင့်ထားသောCoffeeဆိုင်သို့သွားတက်၍ သူထိုအမအားမေးလိုက်ခြင်းဖြစ်သည်။

ဦးထွဋ်အခန်းနားအရောက် အထဲမှမိန်းမတယောက်၏ညုတုတုအသံကြားရလေသည်။

"ကိုထွဋ်နော် တို့က စိမ်းကားနေတယ် တို့က ကိုထွဋ်ကြိမျှော်နေတာ"

"ဟား ဟား ဟား မဟုတ်ပါဘူး အေမီရာ"
"ဟင့် ကိုထွဋ်နော် ဘာရယ်နေတာလဲ"

"ခွမ်း "
သူ့လက်ထဲမှ ချိုင့်လွတ်ကျသွားလေသည်။
သူ တံခါးမခေါက်ပဲဝင်သွားလိုက်သည်မြင်ကွင်းကဒီလိုမြင်ရဖို့တဲ့လား။ဦးထွဋ်ရင်ဘတ်က ကြယ်သီးများအား ထိုမိန်းမကတပ်ပေးနေလေသည်။ဦးထွဋ်က ပျက်ယွင်းနေသောမျက်နှာဖြင့်ထလာပြီး

"မင်း လူမှုရေးနားမလည်ဘူးလား ကောင်းကင်ယံ
တံခါးခေါက်ရမယ်ဆိုတာ နားမလည်ဘူးလား"

"အဟက် ဘာလည်း ကျွန်တော်ကတံခါးခေါက်ရင် ခင်များတို့ကကြိုပြင်ဆင်လို့ရသေးတယ်ဆိုတဲ့သဘောလား"

သခင်စေရာWhere stories live. Discover now