သခင်စေရာ

7.9K 300 1
                                    

သခင်စေရာ အပိုင်း(၂၁)🔕🔕

ဒီနေ့က ဦးဆေးရုံဆင်းပြီး၂ရက်လောက်ရှိတော့မည်။ဒါတောင်ဦးမေမေကစိတ်မချဟုဆို၍၂ယောက်လုံးမပြန်ရပေ။သမ္မတအိမ်ပြာတော်ပေါ်မှာပဲသောင်တင်နေလေသည်။

"ဦးနေကောင်းသေးတာမဟုတ်ဘူးနော် မြန်မြန်ချိုး"

သူ ဦးကိုအခန်းထဲမှ နေရေချိုးခန်းထဲထိပေါက်အောင်အော်နေရသည်။ဦးတို့မိသားစုကသူတို့အပေါ်ကျေးဇူးကြီးသည်။အခုဆိုသူ့မေမေဆို ထမင်းဆိုင်ကြီး တစ်ဆိုင်ဖွင့်ပေး၍ ညီလေးတို့ကိုလည်း ကျူရှင် Guideတွေကအစငှါးပေးထားလေသည်။

"ကလေး ကိုယ်ရောက်တာကြာနေပြီ ဘာတွေတွေးနေတာလဲကွာ"

ဦးကမျက်နှာကိုtowerနှင့်သုတ်ရင်းမေးလေသည်။
ဦးကသိပ်ခန့်ညားတာ။

"ဘာမှမဟုတ်ပါဘူး ဦးရာ ရောက်တတ်ရာရာပေါ့"

သူဦးဝတ်မည့်အင်္ကျီကိုထ၍ရှာပေးရင်းပြောလိုက်သည်။
ဦးကသူ့နောက်မှ ကပ်ရပ်နေတာ လေပင်တိုးမရတော့။

"ဦး ဘာဖြစ်နေတာလဲကွာ ဖယ် အင်္ကျီရွေးနေတာကို"

ဦးကိုသူပြောလိုက်သည်တွင် နောက်ဆုံး၌အသံအဖျားခတ်တုန်ရင်နေလေသည်။

"ကလေး "
ဦးလည်းအသံတွေတုန်ယင်လှိုက်ဖိုနေသည်မို့ဘာဖြစ်နေမှန်းသူသိသည်။

"ဟင့်အင်းနော် ဦး အ့"

ဦးက သူ၏နားရွက်ဖျားများ လည်ပင်းများအား လိုက်လံစုပ်ယူနေလေသည်။

"သားရေ လင်းမြတ်လေး ထမင်းစားရအောင်လေ မေမေတို့စောင့်နေတယ်"

ဦးမေမေတံခါးလာခေါက်မှလွတ်တော့သည်။
"ဦး ဖယ်တော့ အောက်မှာမေမေတို့စောင့်နေတယ်လေ"

"ဟင့်အင်းကွာ"
"ည ညမှလေနော် ဦးသဘော နော်"

သူပြောမရသည့်အဆုံးကတိပေးလိုက်ရသည်နှင့်မျက်နှာကြီးစပ်ဖြီးဖြီးနှင့်ကျွန်တော့အားကြည့်လာလေသည်။

"အိုခေ ဒါဆိုဆင်းနှင့် ကိုအင်္ကျီလဲပြီးဆင်းခဲ့မယ်"
နှုတ်ခမ်းအားတချက်ဖွဖွထိပြီးသည်နှင့်ပြန်လွှတ်ပေးလေသည်။

သခင်စေရာWhere stories live. Discover now