သခင်စေရာ

8.4K 386 2
                                    

"ငထွဋ်မင်းကွာ ကလေးကိုဘယ်လိုလုပ်လိုက်တာလဲ ဖျားတောင်ဖျားနေပြီ"

သူတို့၏Family doctorမှာ သူ့သူငယ်ချင်းပင်ဖြစ်၍ပြောရဲဆိုရဲဖြစ်နေလေသည်။
"ငါလည်း စိတ်တိုသွားလို့ပါကွာ နောက်တခါ ရှောင်ပါ့မယ်"

"အေး ပြီးတာပဲ ငါဆေးပေးခဲ့တယ် အစာကျွေးပြီးသောက်ခိုင်းလိုက် ငါပြန်ပြီ မသက်သာရင် အချိန်မရွေး ဖုန်းဆက်ခေါ်လိုက်"

သူ့သူငယ်ချင်းကိုလိုကိပို့ပြီးအခန်းထဲပြန်ဝင်ခဲ့သည်။ကုတင်ပေါ်တွင်ဖြူဖျော့စွာ အိပ်နေသောထိုအကောင်ပေါက်မှာ သူအရမ်းနမ်းထား၍ နှုတ်ခမ်းများမှာပေါက်ပြဲနေလေသည်။

သူထိုကလေးစားဖို့အိမ်အကူအဒေါ်ကြီးအား ဆန်ပြုတ်ပြုတ်ခိုင်းထားလိုက်သည်။
"အကိုလေး ဆန်ပြုတ်ရပါပြီ"

"အင်း အဒေါ်ကြီး ထားခဲ့လိုက်နော် ကျွန်တော်ပဲတိုက်လိုက်မယ်"

အဒေါ်ကြီးက ဆန်ပြုတ်ပန်ကန်အားချပြီးအခန်းတံခါးပိတ်ခဲ့ကာထွက်သွားလေသည်။သူထိုကလေးကိုနှိုး၍ဆေးတိုက်ရအုံးမှာပင်။

"ကောင်းကောင်း ထ ဆန်ပြုတ်သောက်ရအောင်"

ထိုကလေးမှာမျက်နှာလေးရှုံ့မဲ့၍ထလာလေသည်။မျက်လုံးလေးများကလည်း ငိုချင်နေသယောင် မျက်ရည်ကြည်လေးများဝေ့နေလေသည်။

"ကလေး ထနော် ဆန်ပြုတ်သောက်ရအောင်"

"ဟင့် ဟင့် sob မသောက်ချင်ဘူးအူးဝါး အီး ဟီး"

"အယ် အယ် မငိုရဘူးလေကွာနော် မငိုပါနဲ့ သောက်နော်"
သူအတင်းချော့၍တိုက်နေရလေသည်။

"သေအောင်လုပ်တာ နှာဘူးကြီး အီးးးဟီးးနာလို့ရပ်ပါဆိုတာကို ဟင့် မရပ်ဘူး ဗြဲ"

သောက်ရှက်ပဲ မြတ်ထွဋ်ခေါင်ရေ သောက်ရှက်ကွဲပြီဟ

"အင်း အင်း နောက် မလုပ်တော့ဘူး နော် ရော့.ရော့ ဒါလေးသောက်"
သူအတင်းချော့တိုက်မှပင်သောက်တော့သည်။ဒါတောင်တခါတလေ ထထငိုနေသေးတာ။တကယ် မလွယ်ကြောလေးပင်။

နေကောင်းမှမင်းနဲ့ငါတွေ့မယ် ကောင်းကင်ယံ ဟင်းးဟင်းး

💛

သခင်စေရာWhere stories live. Discover now