part-2

14.4K 1.1K 28
                                    

[Zawgyi]

4ဂဏန်းသို့ဦးတည်​​နေ​သောနာရီလက်​တံ​လေးကိုကြည့်​ရင်း
ရှောင်​ကျန့်​ရဲ့ဝမ်း​​တော်​​လေးက​တော့အချက်​ပြလို့​နေပြီ
ခုထိ​နေ့လယ်​စာမစားရ​သေးဘူးမဟုတ်​လား...

ရုံးခွဲကသုံးခုကျန်​​နေ​သေးတာမို့
အပြီးသတ်​ပြီးမှစား​တော့မယ်​ဟု​တွေးရင်း
အားတင်းကာဆက်​လက်​ချီတက်​ရပြန်​ပြီ

ဝမ်​ရိ​ဖော်​ရာ ၀မ်​ရိ​ဖော်
ကျန့်​ကျန့်​တို့ကအရှုံး​ပေးရိုးထုံးစံမရှိဘူး.....
ငါ့ကိုကျန့်​​ကောလို့​ခေါ်တဲ့မင်းကို​လေ
အခုချိန်​များသတ္တိရှိလို့က​တော့
မင်းမျက်​နှာ​ရှေ့ကိုအလုပ်​ထွက်​စာနဲ့ပိတ်​​ပေါက်
အဖိုးကြီး​ရေငါအလုပ်​ထွက်​ပြီလို့အကျယ်​ကြီး​အော်​​ပြောမိမှာ

အခု​တော့......သည်းခံ​ပေအုံး​တော့ကျန့်​ကျန့်​​ရေ...
ရှောင်​ကျန့်​ဒီအချိန်​မှာအလုပ်​ထွက်​ချင်​ပါ​သော်​လည်း
အလုပ်​မလုပ်​ချင်​ရင်​အိမ်​​ထောင်​ချ​ပေးမှာဟု
ကြိမ်းထား​သောမားရဲ့စကားကိုကြား​ယောင်​ရင်း
သက်​ပြင်းသာချ​နေမိ​တော့သည်

..............

"စစ်​​ကျွေး...ကျန့်​​ကောပြန်​မ​ရောက်​​သေးဘူးလား"

မနက်​ထဲကထွက်​သွားတာ အခုထိ
အရိပ်​​ယောင်​​တောင်​မမြင်​ရ​​သေးတာ​ကြောင့်
ရိ​ပေါ်သူ့လက်​​​ထောက်​ဖြစ်​သူစစ်​​ကျွေးအား
မေးလိုက်​ခြင်းဖြစ်​သည်​......

"မ​ရောက်​​သေးဘူးဆရာ....
အခုမှငါးနာရီပဲရှိ​သေးတာဆို​တော့
သူ​တော်​​တော်​နဲ့ပြန်​​ရောက်​အုံးမှာမဟုတ်​​သေးဘူး...
ရုံးခွဲအများကြီးကိုတစ်​​ယောက်​ထဲသွားရတာဆို​တော့​လေ.."

"မင်းက ငါလွန်​တယ်​ထင်​လို့လား"

"အဲ့လိုသ​ဘောနဲ့​ပြောတာမဟုတ်​ပါဘူးဆရာ...
ကျ​တော်​ကဒီတိုင်းပဲ​ပြောပြတာပါ"

"​ဒေါက်​ ​ဒေါက်​ ​ဒေါက်​"

တံခါး​ခေါက်​သံကြားတာ​ကြောင့်
စစ်​​ကျွေးကတံခါးသွားဖွင့်​​ပေး​တော့
ဝင်​လာသူက​ရှောင်​ကျန့်

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now