Extra part

8.6K 602 17
                                    

Zawgyi

"​ပေါ်​ပေါ် ​ပေါ်​ပေါ် မနက်​ဖြန်​ဘာ​နေ့လဲသိလား"

"ဟာ ကျန့်​​ကောရာ အဲ့လိုကြီးမ​ခေါ်ပါနဲ့ဆို
မီးရထားစက်​​ခေါင်းကြီး ကျ​နေတာပဲ"

"မသိဘူးကွာ ငါ​ခေါ်ချင်​သလို​ခေါ်မှာပဲ
ဘာလဲမင်းက မကြိုက်​ဘူးလား​ပြော"

စတင်​လို့ ရစ်​​နေပါပြီ...ဒီရစ်​ထုတ်​ကြီးက
အားယွမ်​​လေးထက်​ပင်​ က​လေးဆန်​​နေတတ်​သည်​။
အခုလည်းကြည့်​ သူ့နှုတ်​ခမ်းပါးပါး​လေးကို
တစ်​​တောင်​​လောက်​​ထော်​​နေတာ သ​ဘောက
စိတ်​ဆိုး​နေတာ​ပေါ့​လေ။

"​ခေါ်ပါဗျာ ကျန့်​​ကောကြိုက်​သလို​ခေါ်ပါ"

"​ကျန့်​ကျန့်​လို့​ခေါ် ကျန့်​​ကောလို့မ​ခေါ်နဲ့"

"ဘာလဲ အဲ့လို​ခေါ်ရင်​ မကြိုက်​ဘူးလား​ပြော"

"ဟုတ်​တယ်​ မကြိုက်​ဘူး ​ကျန့်​ကျန့်​လို့ပဲ​ခေါ်"

ဘယ်​​တော့မှ အ​လျော့မ​ပေးတတ်​တဲ့ က​လေးဆိုးကြီးပါပဲ။

"ဟုတ်​ပါပြီဗျာ ကျန့်​ကျန့်​ဆို​တော့လည်း
ကျန့်​ကျန့်​​ပေါ့"

"အင်း"

သူ့အကြိုက်​လိုက်​​တော့မှ မျက်​နှာ​လေးက ပြုံးလာသည်​။ အကြိုက်​မလိုက်​လို့လည်းမရဘူး​လေ။
စိတ်​ဆိုးရင်​ တစ်​​နေကုန်​စကားမ​ပြောတတ်​တဲ့
ကောအ​ကြောင်းကို ရိ​ပေါ်ကသိ​နေပြီးသား
မဟုတ်​လား။ အခုညသာစိတ်​ဆိုးရင်
မနက်​ဖြန်​သူ့​မွေး​နေ့မှာ ဘယ်​​ပျော်​ရ​တော့မလဲ။
ရိ​ပေါ်ဒီလို​တော့ အဖြစ်​မခံနိုင်​ပါဘူး။

"​ပေါ်​ပေါ် ​မေး​တာ​ဖြေအုံး​လေ မနက်​ဖြန်​ဘာ​နေ့လဲလို့"

"မနက်​ဖြန်​လား မနက်​ဖြန်​ဗုဒ္ဓဟူး​နေ့​လေ"

"​ပေါ်​ပေါ် မင်းက​တော့​လေ ကိုယ့်​​မွေး​နေ့ကိုယ်​​တောင်
မမှတ်​မိ​တော့ဘူးပဲ ဘယ်​​လောက်​​တောင်​ အလုပ်​​တွေရှုပ်​​နေလို့လဲ အလုပ်​ပဲရှုပ်​​နော်​ မိန်းမ​တော့မရှုပ်​နဲ့
ပု​လွေနဲ့​ထုသတ်​မှာ ကျန့်​ကျန့်​တဲ့ နှစ်​ကျန့်​ပဲရှိတယ်​"

You've reached the end of published parts.

⏰ Last updated: Oct 16, 2020 ⏰

Add this story to your Library to get notified about new parts!

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now