part-16

10.2K 863 10
                                    

[Zawgyi]

အိမ်တံခါးဖွင့်​ဖွင့်​ချင်း ​ရှောင်​ကျန့်​ရင်​ဆိုင်​လိုက်​ရတာက
ဝါးစားမတက်​ကြည့်​​နေတဲ့ မျက်​နှာတစ်​ခု
မီးဝင်းဝင်း​တောက်​​နေတဲ့ မျက်​လုံးတစ်​စုံနဲ့
အေးစက်​စွာထိုင်​​နေတဲ့ရိ​ပေါ်..။

သွားပြီ..။ သူကဘယ်​တုန်းကပြန်​​ရောက်​​နေတာလဲ??
မနက်​ဖြန်​မှပြန်​​ရောက်​ရမှာ​လေ..။

အခုချိန်​မှာ​ရှောင်​ကျန့်​သည်
မျောက်​မီးခဲကိုင်​ထားသလို ဂနာမငြိမ်သည့်​တိုင်
ခက်​ခက်​ခဲခဲပြုံးပြရင်းနှုတ်​ဆက်​လိုက်​သည်​..။

"ဟီး..ရိ​ပေါ်​ရောက်​တာကြာပြီလား"

"......"

တစ်​ဖက်​မှပြန်​​ဖြေမလာတာ​ကြောင့်
ဘယ်​အ​ခြေအ​နေထိစိတ်​တို​နေမယ်​ဆိုတာ
မှန်းဆတတ်​ပါ​လေသည်​..။

"ရိ​ပေါ် ​ကော​ရေသွားချိုးလိုက်​အုံးမယ်​​နော်​"

"​ရှောင်ကျန့်​!!!!!"

ဒေါသတစ်​ကြီး​ခေါ်လိုက်​တဲ့အသံ​ကြောင့်
လှေကား​ပေါ်သို့်​ခြေလှမ်း​နေ​သော
ရှောင်​ကျန့်​ရဲ့​ခြေ​ထောက်​များကရပ်​တန့်​ကာ
တစ်​ကိုယ်​လုံး​တောင့်​တင်းသွားရသည်​..။

"​ရှောင်​ကျန့်​!!"

နောက်​တစ်​ကြိမ်​​ခေါ်လိုက်​​သောအသံက
ပထမ​လောက်​မကျယ်​​တော့​ပေမယ့်
အ​တော်​​လေးမာန်​ပါလှတာ​ကြောင့်
ရှောင်​ကျန့်​သည်​ ချက်​ချင်းပင်
ရိ​ပေါ်​ရှေ့သို့​ရောက်​လျက်​သား..။

"အင်းရိ​ပေါ်"

"ခင်​ဗျားဘယ်​ကပြန်​လာတာလဲ"

"ဟို..အ..အပြင်​က"

အ​ရေးထဲစကားကထစ်​​နေ​သေးတယ်​..
ရှောင်​ကျန့်​​ရေမင်း​သေလိုက်​​တော့..။

ရှောင်​ကျန့်​စိတ်​ထဲမှသူ့ကိုယ်​သူကျိန်​ဆဲ​နေ​ပေသည်​..။

"ဘယ်​နှနာရီရှိပြီလဲ"

"10နာရီ"

တစ်​ခွန်း​မေး တစ်​ခွန်း​ဖြေနှင့်
နှစ်​​ယောက်​ကြားစကား​တွေကတိတ်​ဆိတ်​သွားပြန်​သည်​။

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now