part-8

10.3K 908 8
                                    

[Zawgyi]

တစ်​ပတ်​ပြည့်​ပြီးရုံးပြန်​ဖွင့်​​တော့
ရှောင်​ကျန့်​ကသူ့​နေရာမှာသူအခန့်​သားရှိ​နေလျက်
ရှောင်​ကျန့်​အခုတ​လောအတွင်းအချိန်​မှန်​ရုံးတက်​​နေတာကို
တစ်​ရုံးလုံးကလူ​တွေသတိထားမိကြသည်
ဘာ​ကြောင့်​ဆိုတဲ့​မေးခွန်း​တော့​မေးစရာမလိုပါ
သူ​ဋ္ဌေးရဲ့အပြစ်​​ပေးခံရမှာ​ကြောက်​လို့​ပေါ့

"ခင်​ဗျားကိုဘယ်​သူကဒီမှာထိုင်​ခိုင်းလို့လဲ"

အသံနဲ့အတူအ​နောက်​မှ​ရောက်​လာ​သောသူ​ဋ္ဌေးက
ရှောင်​ကျန့်​ကို​ပြောလိုက်​ခြင်းပင်

ရှောင်​ကျန့်​က​နောက်​သို့လှည့်​ကြည့်​​တော့
သူ​ဋ္ဌေးကသူ့ကိုမျက်​ခုံးနှစ်​ဖက်​ကို​ထိစပ်​မတက်​ရှုံ့ကာ
သူ့အားကြည့်​​နေသည်​မှာ မုန်းတိုင်းဝင်​​တော့မလို

"တစ်​ပတ်​ပြည့်​ပြီ​လေ"

ရှောင်​ကျန့်​ပြန်​​ပြောသံကြားအပြီး​နောက်
တစ်​ရုံးလုံးအပ်​ကျသံပင်​မကြားရ​လောက်​​အောင်
တိတ်​ဆိတ်​လျက်​ သူတို့နှစ်​​ယောက်​ဆီမှာသာအာရုံရှိ​နေကြသည်

"ရုံခန်းထဲလိုက်​ခဲ့ လိုအပ်​တဲ့ဖိုင်​​တွေအကုန်​သယ်​လာခဲ့"

"မသယ်​ဘူး...တစ်​ပတ်​ပြည့်​ပြီ​လေ"

"အင်း တစ်​ပတ်​လို့​ပြောထား​ပေမယ့်
ရက်​ကိုထပ်​မတိုးဘူးလို့မ​ပြောထားဘူး​လေ
အရစ်​မတက်​ပဲခိုင်းတာကိုသာလုပ်​"

ပြောကာရိ​ပေါ်ကရုံးခန်းထဲသို့ဝင်​သွား​ချေပြီ
အကုန်​လုံးရဲ့အကြည့်​​တွေကလည်း
ရှောင်​ကျန့်​ဆီကမခွာ​သေး​ပေ
သူ​ဋ္ဌေးကသက်​သက်​ညစ်​​နေတာ...

ငါသွားရမှာလား မသွားရဘူးလား
အား...စိတ်​ရှုပ်​လိုက်​တာ
ရှောင်​ကျန့်​ဆံပင်​​တွေကိုခပ်​ဖွဖွ ထိုးဖွရင်း
လိုအပ်​သည့်​ဖိုင်​တွဲများကိုယူကာ
ရုံးခန်းသို့ဝင်​ခဲ့ရသည်

"ထိုင်​​နေကျ​နေရာမှာပဲထိုင်​"

ရိ​ပေါ်စကားကိုလျစ်​လျူရှုဟန်​ပြုကာ
ရှောင်​ကျန့်​ဖိုင်​တွဲ​တွေကိုစားပွဲ​ပေါ်တင်​ရင်း
ခြေလှမ်းများကရိ​ပေါ်ဆီ​ရှေ့​ရောက်​​တော့ရပ်​ကာ
လက်​ကိုပိုက်​ရင်း ရိ​​ပေါ်ကိုတစ်​လုံးချင်း
စကား​ပြောသည်

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now