part-15

10.3K 906 12
                                    

[Unicode]

"ရိပေါ် မြန်မြန်ရေချိုးပါကွ
နောက်ကျနေမှဖြင့်"

ရှောင်ကျန့်တစ်ယောက် Luggageထဲသို့
အဝတ်အစားတွေထည့်နေရင်းမှ
အသန့်ကြိုက်လှသောလင်တော်မောင်ကို
လှမ်းသတိပေးရသေးသည်..။

"ပြီးပါပြီကောရဲ့"

သဘက်ပတ်ကာထွက်လာသောရိပေါ်က
ရေချိုးပြီးခါစဖြစ်သည့်အပြင်
အပေါ်ပိုင်းဗလာဖြစ်နေသည့်အလျောက်
ဗိုက်ကြွက်သားများကအထင်းသား
ဖြူဖွေးနေတဲ့ခန္ဓာကိုယ်နဲ့ပေါ်နေတဲ့
Six-partတွေက မိန်းကလေးတိုင်း
ငေးမောချင်စရာကောင်းလှသည်..။

ရှောင်ကျန့်တံတွေးတစ်ချက်မျိုချရင်း
ရိပေါ်ထံမှအကြည့်လွှဲကာ
အဝတ်အစားများထံအာရုံစိုက်လိုက်သည်..။

"ရိပေါ် အကျႌကဘယ်နှစ်စုံယူမှာလဲ"

"ခုနှစ်စုံလောက်ထည့်လိုက်ကော"

"အင်း..ငါကြည့်ထည့်လိုက်တယ်
မင်းမကြိုက်တဲ့အဝတ်စားပါရင် ပြန်ထုတ်လိုက်နော်..
တစ်ခြားပစ္စည်းတွေကတော့ အကုန်ထည့်ပြီးပြီ..
သွားတိုက်တံ ၊ သွားတိုက်ဆေး ၊ သဘက် ၊
ရေမွှေးဗူး ၊ ဆပ်ပြာ ၊ မုတ်ဆိတ်ရိတ်ဓား ...."

ရှောင်ကျန့်ပစ္စည်းများစွာရေရွတ်ရင်း
ဟိုစစ် ဒီစစ်ဖြင့်တစ်ယောက်တည်းအလုပ်ရှုပ်နေသည်..။

အလုပ်ကိစ္စနဲ့ ဂျပန်ကိုနှစ်ညအိပ်သုံးရက်
သွားရမယ့်ရိပေါ်အတွက်
ရှောင်ကျန့်ဗျာများနေရသည်..။

"ကျန့်ကော လာပါအုံး
ဒီမယ် အပေါ်ဆုံးကြယ်သီးက တပ်မရဘူး"

"လာပြီ လာပြီ"

ရိပေါ်ရဲ့ရင်ဘက်ပေါ်သို့
ရှောင်ကျန့်ရဲ့လက်ချောင်းသွယ်သွယ်လေးများ
ကျရောက်ချိန်တွင် ရိပေါ်ရဲ့ရင်ခုန်သံက
အတိုင်းအဆမဲ့လျက်သား...

ကြယ်သီးတပ်ပြီးနောက်
ရှောင်ကျန့်ရဲ့မျက်လုံးများက
ရိပေါ်ရဲ့လည်ပင်းထက်မှ လည်စလုပ်ဆီသို့...

ရှောင်ကျန့်အူယားကာ ရိပေါ်ရဲ့လည်စလုပ်ကို
သူ့ရဲ့လက်ချောင်းသွယ်တွေနဲ့ ထိတို့လိုက်သည်...။

"အဟိ "

ထိပြီးချက်ွငး လက်ကိုပြန်ရုတ်ကာ
သဘောကျသလိုတစ်ချက်ရယ်လိုက်တဲ့
ရှောင်ကျန့်ရဲ့အပြုအမူက တစ်ကယ်ကို
ကလေးတစ်ယောက်ပမာ အပြစ်ကင်းလှသည်..။

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now