part-14

10.5K 856 13
                                    

[Zawgyi]

"ကျန့်​​ကော ဒီ​နေ့ပွဲတစ်​ခုတက်​စရာရှိတယ်
ကောလည်းအတူတက်​ရမယ်
အဆင်​သင့်​လုပ်​ထား​နော်
ကျ​တော်​ခန​နေလာ​ခေါ်မယ်​"

ည​နေဘက်​ဖုန်းဝင်​လာတာ​ကြောင့်
ရှောင်​ကျန့်​ကြည့်​လိုက်​​တော့
'သုံးစားမရတဲ့သူ​ဋ္ဌေး'ဆိုတဲ့
Contactမှာ​ပေါ်လာလို့ကိုင်​လိုက်​​တော့
သူမ​မျှော်​လင့်​ထားတဲ့စကား...

"ငါကဘာလို့လိုက်​ရမှာလဲ
မင်းဟာမင်းပဲသွား"

"ကျန့်​​ကောရာ လိုက်​ခဲ့ပါ
အလုပ်​သ​ဘောအရမလို့ နားလည်​​ပေး​နော်​"

"မသိဘူးကွာ ငါမှမလိုက်​ချင်​တာ
မလိုက်​ဘူး"

"​ရှောင်​ကျန့်​!!!ခင်​ဗျား​ခေါင်းမမာစမ်းနဲ့
ဒါ​လေးတစ်​ခုပဲအကူညီ​တောင်းတာ​လေ
ဒါ​တောင်​မလုပ်​​ပေးချင်​ဘူးလား"

ရိ​ပေါ်ထံမှ အလိုမကျသလို​ပြောလာသည်​မို့
ရှောင်​ကျန့်​စိတ်​ကိုအတတ်​နိုင်​ဆုံး
လျှော့ချလိုက်​သည်​..

"ခနပဲ​နော်​ တကယ်​ကိုခနပဲ"

"အင်း..ဒါဆိုပြင်​ထား​နော်
ကျ​တော်​ခန​နေ​ရောက်​​တော့မှာ"

ဒီ​တော့မှ ရိ​ပေါ်အသံက
ပြန်​လည်​ကြည်​လင်​လာသည်​ကို
ရှောင်​ကျန့်​ခံစားမိသည်...

ခြံကျယ်​ကြီးတစ်​ခုထဲကား​လေးရပ်​သွားပြီး​နောက်
နှစ်​​ယောက်​သားကား​ပေါ်မှဆင်းလာသည်

ရိုးရိုးပါတီသ​ဘောမျိုးဖြစ်​လို့
လူ​တွေကများများစားစားရှိမ​နေ​ပေမယ့်
ရှိ​နေတဲ့လူ​တွေအကုန်​လုံးကလည်း
တကယ့်​ကိုအရှိန်​အ၀ါကြီးမားသည့်​သူများဖြစ်​သည်​ဟု
ရှောင်​ကျန့်​​ကောက်​ချက်​ချလိုက်​မိသည်

"လာကျန့်​​ကော သွားရ​အောင်​"

"အင်း"

ရှောင်​ကျန့်​မှာအစတည်းကမလာချင်​ပဲ
လာခဲ့ရသည်​မို့ မျက်​နှာကသိပ်​မကြည်​ချင်
ရိ​ပေါ်ဦး​ဆောင်​ရာသို့လိုက်​ခဲ့​တော့
လူတစ်​စုဆီအ​ရောက်​မှာရပ်​သွားသည်

"မင်္ဂလာပါ ၀မ်​သူ​ဋ္ဌေး​လေး"

"မင်္ဂလာပါဦး"

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Onde histórias criam vida. Descubra agora