part-17

10.1K 831 12
                                    

[Unicode]

ညနေလေးနာရီထိုးတော့
ရှောင်ကျန့်မပြန်ချင်ပဲပြန်ရသည်။
ရိပေါ်ကသူ့မားအိမ်သွားချင်သည်ဆိုတာကြောင့်
နှုတ်ခမ်းစူရင်းပါလာရသည်။

"သားကျန့်ကျန့် လာပါဦးမားဆီကို"

"မား ကျတော်ကမှ မားရဲ့သားအရင်းပါနော်"

ရိပေါ်တစ်ယောက် မကျေနပ်ချက်ဖြင့်
ဝင်ပြောလိုက်ခြင်းပင်။

"မင်းထက်ငါ့ကိုပိုချစ်လို့ပေါ့ကွ နှော့မား"

"ဟုတ်တာပေါ့ သားကျန့်ရဲ့
လာထိုင် သားကိုရိပေါ်ကအနိုင်ကျင့်သေးလား"

ဝမ်မားရဲ့အမေးစကားကိုကြားပြီးနောက်
ရှောင်ကျန့်က မျက်နှာကိုအတင်းရှုံ့မဲ့ပြကာ
ဝမ်မားအားဖက်ရင်း စကားဆိုသည်။

"အဟင့် မား ရိပေါ်ကလေ
ကျန့်ကျန့်ကိုအနိုင်လည်းကျင့်တယ်
ငေါက်လည်းငေါက်တယ် အော်လည်းအော်တယ်
အဟင့်...ကျန့်ကျန့်ကိုဆိုရင်လေ
အကောင်းကိုမမြင်ပေးဘူး
အမြဲတမ်းဆူနေတာ သိလား "

ဘုရားရေ ဘယ်သူကဘယ်သူ့ကို
အနိုင်ကျင့်ပြီး ဘယ်သူက ဘယ်သူ့ကို
အော်တာလဲ သိတဲ့သူများ ရှင်းပြကြပါအုံး

အကဲပိုကာ တိုင်ပြောနေသော
ရှောင်ကျန့်အားကြည့်ကာ
ရိပေါ်ကစကားပြောမည်လုပ်တော့
ဝမ်မားက ချောင်းဟန့်ကာလှမ်းတားရင်း

"ရိပေါ် သားအအေးသွားဖျော်လေ"

"ဟုတ်မား...မားသူပြောတာတွေတစ်ကယ်ယုံမနေနဲ့နော်"

"အေးပါကွယ်"

ရိပေါ်ကထမင်းစားခန်းသို့ဝင်ကာ
အအေးသွားဖျော်တော့မှ
ဝမ်မားကစကားဆက်ပြောသည်။

"မငိုနဲ့နော်ကျန့်ကျန့် မားရိပေါ်ကိုဆုံးမပေးမယ်သိလား"

"ဟုတ်မား တုတ်ကြီးကြီးနဲ့သာရိုက် ဟီး"

ရှောင်ကျန့်သည် အခုမှပြန်ပြုံးလာသည်။

"သားကျန့် ခနနော်.... မားလေ သားကိုပြစရာရှိတယ်"

"ဟုတ် မား"

အခန်းထဲဝင်ပြီး ပြန်ထွက်လာသော ဝမ်မားလက်ထဲတွင်
Photo albumတစ်ခုပါလာသည်။

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now