Final part

14.2K 885 12
                                    

[Unicode]

ကားသံကြားတာကြောင့် ရှောင်ကျန့်ပြေးထွက်ဖို့ပြင်ပြီးမှ
ပြန်ထိုင်နေသည်။ ဒီလိုဆိုသူ့ဘက်ကအလျှော့ပေးသလို
ဖြစ်သွားနိုင်သည်လေ။

သို့ပေမယ့် အခန်းထဲသို့ဝင်လာသူမှာ
ရိပေါ်မဟုတ်ဘဲ ရှောင်းရန်လီသာ။

"ကျဲ!!"

"အားကျန့်...မားပြောလို့ကျဲသိပြီးပြီ
အခုအားကျန့်ကဘာဖြစ်ချင်တာလဲ ကျဲကိုပြော
ဝမ်ရိပေါ်နဲ့ကွာရှင်းချင်တာလား"

ရှောင်ကျန့်ခနမျှ တိတ်ဆိတ်သွားသည်။

"ပြောလေအားကျန့်"

"ဟို...ကဲျ..အဲ့တာကလေ"

"ကွာရှင်းချင်ရင် အခုချက်ချင်းကွာရှင်းလိုက်
ကျဲ ရိပေါ်ကိုဖုန်းဆက်ခေါ်လိုက်မယ်"

"နေအုံး..ကျဲ..ကျဲ"

ရှောင်ကျန့်မတားလိုက်နိုင်ခင်မှာပဲ
ရန်လီကအပြင်သို့ထွက်ကာ ဖုန်းဆက်နေပြီ။

အား...ကျဲရယ် စကားကိုလည်းဆုံးအောင်နားထောင်မပေးဘူး...ဘာလုပ်ရမလဲ?? ငါကိုယ်ကလျှာရှည်မိတာ
ဒီပါးစပ် ဒီပါးစပ်...

ရှောင်ကျန့် သူ့ပါးစပ်သူ လက်ဖြင့်ရိုက်ကာသာ
ပြောနေမိသည်။

အခု တစ်ကယ်ကြီးကွာရှင်းရတော့မှာလား
မဖြစ်ရပါဘူး...ဒါဆိုရိပေါ်လာရင်ဘယ်လိုပြောရမလဲ။

'ရိပေါ် ငါလေကျဲကိုလျှောက်ပြောတာ မင်းနဲ့မကွာရှင်းဘူး
သိလား'

အဲ့တာလဲမဟုတ်သေးဘူး။

'ဟိုင်း ရိပေါ်..ငါ့ကိုလာခေါ်တာမလား
လာ ပြန်မယ်လေ'

အဲ့လိုပြောရမလား??မသိတော့ဘူးကွာ စိတ်ရှုပ်လာပြီ။

ရှောင်ကျန့်တစ်ယောက်တည်းတွေးရင်း
ပြာယာခက်နေလေရဲ့။

"သားရိပေါ် လာပြီလား"

"ဟုတ် အန်တီ..ကျန့်ကောရော"

"အပေါ်မှာသား...တက်သွားလိုက်"

ရိပေါ် ရှောင်မားအားပြန်တောင်မဖြေနိုင်ပဲ
အပေါ်သို့ပြေးတက်သွားသည်။

တံခါးပွင့်လာလို့ ရှောင်ကျန့်လှည့်ကြည့်တော့
ချွေးတွေချွဲနေတဲ့ရိပေါ်ကိုတွေ့သည်။

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Opowieści tętniące życiem. Odkryj je teraz