part-13

10.1K 898 9
                                    

[Unicode]

"ရိပေါ်..ရိပေါ်..ရိပေါ်..
ထတော့ကွာ"

"ဘာလဲကောရာ အိပ်ချင်သေးတယ်"

ရှောင်ကျန့်ကရိပေါ်ခြုံထားသောစောင်ကို
အတင်းဆွဲလှန်ပြီး ရိပေါ်တစ်ကိုယ်လုံးကို
လှုပ်နှိုးနေသည်..

"မရဘူးကွာ ထတော့
ငါ့အိမ်ကိုဒီနေ့သွားမယ်ပြောထားတာကို
မင်းကမနက်ဖြန်အလုပ်သွားရမှာ မအားတော့ဘူးလေ
ထပါကွာ လိုက်ပို့"

"ကျန့်ကောရာ အစောကြီးရှိသေးတာကို"

"မစောတော့ဘူး..8ခွဲတော့မယ် ထပါဆို
မထရင် ငါတစ်ယောက်တည်းသွားမှာနော်"

"အာ..ထပြီ ထပြီ"

ရိပေါ်အမြန်ကုန်းရုန်းထရသည်
တကယ်ပဲကျန့်ကောက အကျပ်ကိုင်တဲ့နေရာမှာတော်တယ်

7နာရီကို8ခွဲဆိုပြီးညာပြောတဲ့
ကျန့်ကောကိုလည်းအပြစ်တင်မနေတော့
ရေအမြန်ချိုးပြီးသာ အမြန်ထွက်ရတော့သည်
မဟုတ်ရင်အနားကနေတပူပူနဲ့....

"ကျဲ......"

"အားကျန့်"

အိမ်ရောက်ရောက်ချင်း အစ်မဖြစ်သူကို
ပြေးဖက်ပြီးချွဲနေတဲ့ကျန့်ကောက တကယ့်ကလေး

ဒီပုံစံကချစ်ဖို့ကောင်းနေတယ်ဆိုပေမယ့်
ရိပေါ်နည်းနည်းတော့အမြင်ကပ်ချင်တယ်...
သူနဲ့ဆိုရင်အဲ့လိုအမူအရာတွေက
ဘယ်ကိုများလေတိုက်ပြီးလွင့်သွားပါလိမ့်...

"ရိပေါ် လာလေအိမ်ထဲကို"

အပေါက်ဝမှာတင်ရပ်ကာ တွေးနေတဲ့ရိပေါ်ကို
ကျဲဖြစ်သူကခေါ်မှ အထဲဝင်ဖို့သတိရတယ်
ရှောင်ကျန့်ကတော့သူ့ကိုနည်းနည်းလေးမှလှည့်မကြည့်

တစ်နေကုန်ရှောင်မားအိမ်မှာသာ
အချိန်ကုန်ဖြစ်သည်..အချိန်ကုန်ရတာတန်တယ်လို့
ပြောရမယ်..သူမမြင်ဖူးတဲ့ကျန့်ကောရဲ့
ပုံစံမျိုးစုံကို တွေ့ခွင့်ရလိုက်သည်လေ...

တူဖြစ်သူကျင်းလင်နဲ့အပြိုင်ငြင်းပြီး
ကလေးဆန်ကာ နှာခေါင်းကိုလက်လေးနဲ့အသာပွတ်တတ်တဲ့ကျန့်ကောက ရှောင်မားကိုလဲနည်းမျိုးစုံနဲ့
ချွဲနေတတ်သေးတာ...

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now