part-10

10.8K 915 10
                                    

[Zawgyi]

ရိ​ပေါ်မနက်​ရုံးခန်းထဲ​ရောက်​​ရောက်​ချင်း
ရှောင်​ကျန့်​ကိုမ​တွေ့ရပဲ ​တွေ့ရသည်​က
အလုပ်​စားပွဲ​ပေါ်မှစာတစ်​​စောင်

ရိ​ပေါ်အ​ရေးတစ်​ကြီးဖွင့်​ဖတ်​ကြည့်​​တော့

'သူ​ဋ္ဌေး

       ကျ​တော်​​ရှောင်​ကျန့်​အလုပ်​မှတရားဝင်​နှုတ်​ထွက်​ပါသည်​။ ကျ​တော့်​​ကြောင့်​လွဲသွားခဲ့တဲ့စာရင်းရဲ့​ငွေပမာဏကိုလည်း ကျ​တော်​သူ​ဋ္ဌေးရဲ့ဘဏ်​အ​ကောင့်​ထဲ
လွှဲ​ပေးပြီးပါပြီ။ သူ​ဋ္ဌေးရဲ့အ​ကောင့်​ကိုစစ်​​ကျွေး​ပြောပြလို့သိရတာပါ။ နှုတ်​ဆက်​ပါတယ်​သူ​ဋ္ဌေး တာ့တာ။

                                          ပုံ/
                         သူ​ဋ္ဌေးရဲ့ရန်​ဖြစ်​​ဖော်​ရှောင်​ကျန့်
                                              ❤.                      '

စာက​တော့ဆုံးသွားခဲ့ပြီ ဒါကအလုပ်​ထွက်​စာတဲ့လား
တစ်​သက်​မှာတစ်​ခါသာမြင်​ဖူးတဲ့အလုပ်​ထွက်​စာမို့
သိမ်းထားရမယ်​.......
မား​ရေ မားစဉ်းစားထားသလိုဖြစ်​မလာ​လောက်​ဘူး
မားရဲ့သားမက်​​လောင်းကအလုပ်​ထွက်​သွားပြီ.....

ရိ​ပေါ်အ​တွေးလွန်​​နေတုန်းဖုန်းမြည်​လာတာ​ကြောင့်
ကြည့်​လိုက်​​တော့မား....

"​ဝေ မား"

"သားရိ​ပေါ် မားရဲ့အစီစဉ်​​အောင်​မြင်​ပြီသား"

အားရ၀မ်းသာ​ပြောလာ​သောမားရဲ့စကား​တွေက
ရိ​ပေါ်ကို​ကြောင်​အအဖြစ်​​စေသည်

"ဘာ​တွေ​အောင်​မြင်​တာလဲမားရဲ့ သားကိုရှင်း​အောင်​​ပြော​လေဗျာ"

"ကျန့်​ကျန့်​​လေးဘက်​ကမင်္ဂလာပွဲကိုလက်​ခံလိုက်​ပြီတဲ့"

"ဗျာ!!!!"

ဒါဘယ်​လိုအ​ခြေအ​နေကြီးလဲ
ငါတကယ်​ပဲလက်​ထပ်​ရ​တော့မှာလား
ကျန့်​​ကောက​ရောဘာလို့ချက်​ချင်းကြီးလက်​ခံလိုက်​တာလဲ
ကျန့်​​ကောကရိ​ပေါ်ဆိုတဲ့ငါနဲ့လက်​ထပ်​ရမှာကို​ရော
သိရဲ့လားပဲ.....စိတ်​ရှုပ်​လိုက်​တာ

"သား.....သား......"

"ဟုတ်​..ဟုတ်​မား သားကြားတယ်​"

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now