part-11

10.5K 924 12
                                    

[Zawgyi]

"​ဒေါ်ယံ အ​ပေါ်က​ကောင်​​လေးနိုးလာရင်​မနက်​စာ​သေချာပြင်​​ပေးလိုက်​ပါ​နော်​ ကျ​တော်​ကအလုပ်​သွားရ​တော့မှာမလို့ သူ့ကိုမ​စောင့်​​တော့ဘူး"

"ဟုတ်ကဲ့ပါသခင်​​လေး"

အိမ်​မှာ​ခေါ်ထားတဲ့အကူအန်​တီကြီးကိုမှာပြီး
ရိ​ပေါ်ရုံးသို့အမြန်​လစ်​ရသည်
ရုံး​နောက်​ကျ​နေပြီမလား မ​နေ့ကမင်္ဂလာ​ဆောင်​အတွက်​အလုပ်​ရှုပ်​သွား​တော့ပင်​ပန်းတာ​ကြောင့်​ အ​စောမထနိုင်​ခဲ့ဘူး

ရှောင်​ကျန့်​အိပ်​ယာနိုးလို့​ဘေးကိုကြည့်​လိုက်​​တော့
ရိ​ပေါ်ကရှိမ​နေ​တော့ပါ နာရီကြည့်​​တော့11နာရီ
ငါအ​တော်​​လေးအိပ်​​ပျော်​သွားခဲ့တာပဲ

"သခင်​​လေးနိုးပြီလား"

"နိုးပြီအန်​တီယံယံ ဘာစားစရာရှိလဲ"

အောက်​ထပ်​ဆင်းလာ​တော့အန်​တီယံယံကအသင့်​​စော့င်​ပြီး​မေးလာသည်​ သူလည်းဗိုက်​ဆာ​နေ​တော့စားစရာအရင်​​တောင်း​ရ​တော့တာ​ပေါ့

"​နေ့ခင်းစားတန်းစားမလား"

"ဟုတ်​"

နေ့ခင်းစာစားပြီး​တော့ ပျင်းသလိုရှိ​နေတာနဲ့
ဝမ်​နင်​ဆီဖုန်း​ခေါ်လိုက်​သည်

"​ဝေ ၀မ်​နင်​"

"​ရှောင်​ကျန့်​ အိမ်​မှာသာယာလှချည်​လား"

"မင်းဘကြီးကိုသာယာ
ဒီမှာကပျင်းလို့​သေ​တော့မယ်​"

"ပျင်းရင်​ငါ့ဆီလာခဲ့ပါလား
အခု​နေ့ခင်းစာသွားစားကြမှာ ငါနဲ့ရွှယ်​ယမ်
လာမယ်​ဆိုရုံးနားကဆိုင်​မှာ​တွေ့မယ်​"

"Ok"

အန်​တီယံယံကိုအပြင်​သွားမယ်​​ပြောပြီးထွက်​လာခဲ့သည်
ဆိုင်​​ရောက်​​တော့ဟို​နှစ်​​ကောင်​ကအဆင်​သင့်

"လာပါအုံး ထိုင်​"

ဝမ်​နင်​ဆွဲ​ပေးတဲ့ခုံမှာဝင်​ထိုင်​လိုက်​သည်

"မင်းတို့ကဘယ်​လိုဖြစ်​ပြီးလက်​ထပ်​ဖြစ်​သွားတာလဲ"

"ဟုတ်​တယ်​အကို ကျ​တော်​လဲသိချင်​တယ်
အကိုနဲ့သူ​ဋ္ဌေးကဘယ်​တုန်းကများတည့်​ဖူးလို့လဲ"

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now