[Zawgyi]
"အား......"
ရှောင်ကျန့်ရဲ့အော်သံကြောင့်
ရှောင်းရန်လီနဲ့ရှောင်မားက ခြံထဲသို့ပြေးထွက်လာကြသည်"သားကျန့်ကျန့် ဘာဖြစ်တာလဲ"
အပင်ခြေရင်းမှာပုံလျက်လဲကျနေသော
ရှောင်ကျန့်ကိုကြည့်ရင်းမေးလိုက်သည်"အပင်ပေါ်ကပြုတ်ကျတားမာ...ဟီး..."
အပင်ပေါ်ကပြုတ်ကျတာတောင်ပြုံးပြနေသော
ရှောင်ကျန့်အားကြည့်ကာ အစ်မဖြစ်သူက
မျက်စောင်းတစ်ခဲခဲနှင့်"အားကျန့် ပြုံးနိုင်သေးတယ်ပေါ့
အပင်ပေါ်ဘာတက်လုပ်တာလဲ??""တမာရွက်ခူးတာလေကျဲရဲ့"
ရှောင်ကျန့် လက်ထဲကတမာရွက်တွေကိုမြှောက်ပြလိုက်သည်
"တမာရွက်တွေခူးပြီးဘာလုပ်မို့လဲအားကျန့်ရဲ့"
"ကျဲတို့ကိုပြုတ်တိုက်မို့...တမာရွက်ကဆေးဖက်ဝင်တယ်တဲ့
ရောဂါကာကွယ်တယ်လေကျဲရဲ့""ဟုတ်ပါပြီ နောက်တစ်ခါအပင်ပေါ်မတက်နဲ့
လာထ အိမ်ထဲဝင်မယ်"ပြုတ်ကျထားတာကြောင့်လက်နှစ်ဖက်ပွန်းပြီး
ဒူးတွေကပြဲရဲနေသည်"ကျဲ...ကျန့်ကျန့်မလျှောက်နိုင်လောက်ဘူး"
"ခနနော်...ဇီရွှမ်းရေလာပါအုံး"
"လာပြီရန်ရန်ရေ လာပြီ"
မျက်နှာမှာမီးသွေးပေနေတဲ့ယောက်ဖဖြစ်သူကိုကြည့်ကာ
ရယ်ချင်စိတ်ကိုအောင့်ထားရသည်"ကျန့်ကျန့်ကိုတွဲပေးပါအုံး"
"လာကျန့်ကျန့် အကို့ကိုတွဲ
ဘာဖြစ်တာလဲကျန့်ကျန့်က""အပင်ကြီးနဲ့ရန်ဖြစ်တာလေ...
အဲ့တာအပင်ကြီးကမကျေနပ်လို့တွန်းချလိုက်တော့
အောက်ပြုတ်ကျပြီး အခုလိုဒဏ်ရာရသွားတာ..ဟီး..""ဟား ဟား ဟား"
သူတို့အိမ်လေးက ပါးဖြစ်သူဆုံးပါးသွားတဲ့နောက်
ရက်အတော်ကြာပူဆွေးခဲ့ရပေမယ့်
ရှောင်ကျန့်နဲ့ ကျင်းလင်ဆိုတဲ့ကလေးနှစ်ယောက်ကြောင့်
အခုချိန်ထိစိုစိုပြေပြေနဲ့ပျော်ရွှင်စွာရှိနေတာပါ
ဒီကလေးနှစ်ယောက်ကြောင့်သာမဟုတ်ရင်
အခုလိုရပ်တည်ဖို့ခွန်အားတွေရှိနိုင်မှာမဟုတ်ဘူး
YOU ARE READING
သူဋ္ဌေးလေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]
Fanfiction[Unicode]ရင်ခုန်ရင်အချစ်ဆို ကျတော်ချစ်တတ်နေပြီ [Zawgyi]ရင္ခုန္ရင္အခ်စ္ဆို က်ေတာ္ခ်စ္တတ္ေနၿပီ