part-5

11.7K 1K 17
                                    

[Zawgyi]

ရှောင်​ကျန့်​တစ်​​ယောက်​အိပ်​ယာကနိုးနိုးချင်း
ခေါင်းသိပ်​မကြည်​တာ​ကြောင့်
ဘေးကအဆင်​သင့်​ရှိ​နေတဲ့ပျားရည်​ကို​မော့​သောက်​လိုက်​တယ်​ ​သေချာတယ်​ညကမူးလာမှန်းသိလို့ကျဲထား​ပေးသွားတာ​နေမှာ

ငါညကအိမ်​ကိုဘယ်​လိုပြန်​​ရောက်​လာတာပါလိမ့်
ထုံးစံအတိုင်းဝမ်​နင်​လိုက်​ပို့​ပေးတာ​နေမှာပါဟု​တွေးရင်း
ရေချိုးခန်းထဲသို့ဝင်​၍မျက်​နှာသစ်​ဖို့ပြင်​တုန်း
မှန်​ထဲမှာမြင်​​နေရတယ့်​နှဖူး​ပေါ်က​ယောင်​ကိုင်း​နေတဲ့ဒဏ်​ရာ​ကြောင့်​ ဦး​နှောက်​ကိုအလုပ်​လုပ်​ရပြန်​သည်

မဟုတ်​​သေးဘူး ငါညကဘာဖြစ်​ခဲ့တာပါလိမ့်
ဒီဒဏ်​ရာက​ရောဘယ်​လိုရတာလဲ ​ခေါင်းကိုက်​လာတဲ့ကြားထဲက အ​တွေး​တွေကိုမရမက ပုံ​ဖော်​ကြည့်​​တော့
မ​နေ့ကပုံရိပ်​​တွေကထင်​ထင်​ရှားရှားပဲ

"​ရှောင်​ကျန့်​ ​ရှောင်​ကျန့်​ ​ရှောင်​ကျန့်​"

တစ်​ဖွဲ့လုံးရဲ့​အော်​သံ​တွေအဆုံး​ရှောင်​ကျန့်​မတ်​တပ်​ရပ်​လိုက်​တယ်​ ​နောက်​သူ​ဋ္ဌေးရှိတဲ့ဘက်​ကိုမျက်​နှာမူရင်း
လက်​ညှိုးကလည်းသူ​ဋ္ဌေးရှိရာဘက်​သို့ထိုးထားပြီး​နောက်
ချိုသာ​သောစကားလုံး​တွေကတစ်​လုံးပြီးတစ်​လုံး
လေးပင်​စွာကျလာတယ်

"ခင်​ဗျားကိုမ​ကျေနပ်​ဘူး ဟွန်း"

မျက်​​စောင်းထိုးရင်း​ပြောလာ​သော​ရှောင်​ကျန့်​ရဲ့စကား​ကြောင့်​ အ​စောပိုင်းကထိလှုပ်​လှုပ်​ရှားရှားနဲ့ဆူညံ​နေတဲ့ပတ်​၀န်းကျင်​က ပကတိတိတ်​ဆိတ်​သွားတယ်
အကုန်​လုံးကလည်းပါးစပ်​အ​ဟောင်းသားနဲ့
ရှောင်​ကျန့်​ကိုတစ်​လှည့်​ သူ​ဋ္ဌေးဖြစ်​သူကိုတစ်​လှည့်
စိတ်​၀င်​တစားကြည့်​​နေကြတယ်

ဝမ်​နင်​က​ရှောင်​ကျန့်​လက်​ကိုလှမ်းဆွဲရင်းသတိ​ပေး​တော့
ရှောင်​ကျန့်​ကလက်​ကိုရုန်းရင်း
စကားကို​ဆက်​​ပြောလာသည်

"သူ​ဋ္ဌေးဆိုပြီးဘ၀င်​မြင့်​ချင်​​နေတဲ့လူ
မိန်းမကြီးလိုလည်းလက်​စား​ချေတတ်​​သေးတယ်
ဘာ...ရုံးခွဲအားလုံးကစာရင်း​တွေကို
ငါ့တစ်​​ယောက်​တည်းပဲ​ကောက်​ခိုင်းတယ်​ဟုတ်​လား
တစ်​​ယောက်​တည်းလိုက်​​ကောက်​ရတာ
ဘယ်​​လောက်​ပင်​ပန်းလဲသိလား
ဒီ​ခြေ​ထောက်​​တွေပြုတ်​ထွက်​မတတ်​ပဲသွားရတာ
ဒါ​တွေမင်းကသိမှာလည်းမဟုတ်​ပါဘူး
ငါ့ကိုလက်​စား​ချေဖို့ပဲစဉ်းစားထားတာကို
ဟုတ်​တယ်​မလား သူ​ဋ္ဌေးအစုတ်​ပလုတ်
ပြီး​တော့..."

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now