part-9

10.1K 880 10
                                    

[Zawgyi]

စာရင်းလွဲတဲ့ကိစ္စကို​ရှောင်​ကျန့်​ကြားသင့်​သ​လောက်​ကြားထားပြီမို့ ငြိမ်​​နေရသည်​ သူ​ဋ္ဌေးနဲ့ရန်​မဖြစ်​ရဲ​သေး
သူစာရင်းလိုက်​​ကောက်​​တဲ့​နေ့ကစာရင်း​တွေပဲ
မှား​နေတာမို့ သူ့အပြစ်​ကမကင်းနိုင်​ဘူးမလား

"ကျန့်​​ကော ဘာ​တွေ​တွေး​နေတာလဲ
ကျ​တော်​လာတာ​တောင်​မမြင်​ရ​လောက်​​အောင်​"

ငြိမ်​ငြိမ်​​လေး​ငေး​နေတဲ့ကျန့်​​ကောရဲ့ပုံစံက
အရင်​​နေ့​တွေကနဲ့မတူတာမို့ ရိ​ပေါ်​မေးလိုက်​ခြင်းပင်

"မ​တွေးပါဘူးသူ​ဋ္ဌေး"

ရှောင်​ကျန့်​ကပြန်​​ဖြေပြီးလုပ်​စရာရှိသည်​များကိုသာဆက်​လုပ်​​နေသည်
ရိ​ပေါ်လည်းရန်​မဖြစ်​ရရင်​ပြီး​ရောဆိုပြီး
ကိုယ့်​အလုပ်​ကိုသာအာရုံစိုက်​​နေလိုက်​သည်

ခနကြာ​တော့တံခါး​ခေါက်​သံနဲ့အတူ
စစ်​​ကျွေးက၀င်​လာသည်

"ဆရာ စာရင်း​တွေပြန်​တိုက်​ကြည့်​​တော့​လေ..."

"ကျန့်​​ကော ကျ​တော့်​ကိုcoffeeတစ်​ခွက်​​လောက်
သွား​ဖျော်​​ပေးပါလား ဘာမှမစားလာရလို့"

စစ်​​ကျွေးကိုစကားဆက်​မ​​ပြော​စေပဲ
ရှောင်​ကျန့်​ကိုအပြင်​ပထုတ်​လိုက်​ရသည်
ရှောင်​ကျန့်​အပြင်​ထွက်​​တော့မှစစ်​​ကျွေးကစကားဆက်​သည်

ရှောင်​ကျန့်​စိတ်​ထဲဘ၀င်​မကျလှပါ
သူ​ဋ္ဌေးကဘာကိုဖုံးကွယ်​ချင်​​​နေတာလဲ??
အခုစာရင်းလွဲတဲ့ပြဿနာကစာရင်းဌာနနဲ့
ပတ်​သက်​တဲ့သူ​တွေအကုန်​လုံးသိသင့်​သ​လောက်
သိထားပြီးသားဖြစ်​ပါလျက်​နဲ့ သူက​တော့ဒီ​နေ့မနက်​မှသိရသည်​​လေ အမှန်​ဆိုအရင်​ဆုံးသိရမယ့်​သူက
သူဖြစ်​​နေရမှာမဟုတ်​လား သူ့​ကြောင့်​ဖြစ်​တဲ့ကိစ္စကို

ရှောင်​ကျန့်​coffeeခွက်​ကိုကိုင်​ကာ
တစ်​လမ်းလုံးအ​တွေးထဲနစ်​၀င်​​နေတုန်း
ရုံးခန်းထဲမှထွက်​လာ​သောစစ်​​ကျွေးကိုမြင်​ကာ
အနားသို့အ​ပြေးသွားရင်းတိုးတိုးတိတ်​တိတ်​​မေးရသည်

"စစ်​​ကျွေး ငါမင်းကို​မေးစရာရှိလို့"

"ဟုတ်​​မေးပါ ဆရာ​ရှောင်​ကျန့်​"

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Kde žijí příběhy. Začni objevovat