part-12

10.3K 884 10
                                    

[Zawgyi]

ရိ​ပေါ်မနက်​အိပ်​ယာနိုးနိုးချင်း​ဘေးကိုကြည့်​​တော့
သူ့ရဲ့ကျန့်​​ကောကရှိမ​နေ..
နာရီကြည့်​​တော့8နာရီ..
နာရီများပျက်​​နေတာလားဆိုပြီး
ဖုန်းထုတ်​ကြည့်​​တော့လည်းမမှား
ကျန့်​​ကော​ယောင်​ပြီးများလမ်း​လျှောက်​​နေလားပဲ

ပုံမှန်​အ​စောမထတတ်​တဲ့ ကျန့်​​ကောရဲ့အကျင့်​ကို
နေ့တိုင်းအန်​တီယံယံဆီဖုန်းဆက်​ပြီး
ကျန့်​​ကောနိုးပြီလား​မေး​နေကျဖြစ်​တဲ့ဝမ်​ရိ​ပေါ်က
ကောင်း​ကောင်းကြီးသိ​နေသည်​...

ဒီ​နေ့ရုံးပိတ်​ရက်​မို့ အိပ်​ပစ်​မယ်​​တွေးထား​သော်​လည်း
ကျင့်​သားရ​နေတဲ့မျက်​လုံးက
မနက်​7နာရီမှာပုံမှန်​ပွင့်​လာတယ်​..
ဘေးကိုကြည့်​​တော့ကျန့်​​ကောက
ပါးစပ်​​လေးဟစိစိနဲ့အိပ်​​နေတာမို့
ယုန်​သွား​လေး​တွေကိုအထင်းသားမြင်​​နေရတယ်​..

ဒီပုံတိုင်းကျ​တော့လည်း ကျန့်​​ကောက
တကယ့်​ကိုက​လေးအတိုင်းပဲ..
နိုးလာရင်​​တော့တကယ့်​အစွာ​လေး..
ကျန့်​​ကောကို​ငေး​နေရာမှအကြည့်​ခွာရင်း
ပြန်​အိပ်​ဖို့ကြိုးစားလိုက်​တာ အခုနိုး​တော့8နာရီ

ကိုယ်လက်​သန့်​စင်​ပြီး​အောက်​သို့ဆင်း​တော့
အန်​တီယံယံကဧည့်​ခန်းကို သန့်​ရှင်း​ရေးလုပ်​​နေသည်
အရင်​ရက်​​တွေဆို ဒီချိန်​အန်​တီယံယံက
မီးဖို​ချောင်​မှာချက်​ပြုတ်​​နေကျ​ပေမယ့်
ဒီ​နေ့မှအထူးအဆန်း

ရိ​ပေါ်အ​တွေးစတို့ကိုဖြတ်​ပြီး
ထမင်းစားခန်းသို့ဝင်​​တော့
အေပရွန်​အနီ​ရောင်​ကိုဝတ်​ပြီး
အ​ပြေးအလွှားချက်​ပြုတ်​​နေတဲ့ယုန်​​ပေါက်​..
တစ်​​ယောက်​ထဲကိုပြာယာ​ခက်​​နေတဲ့ကျန့်​​ကောရယ်​ပါ..

ခြေသံကြားလို့​ရှောင်​ကျန့်​က ​နောက်​လှည့်​ကြည့်​​တော့
သူ့ရဲ့လင်​​ယောက်ျားကို​တွေ့တယ်​..

"အဲ့မှာထိုင်​ အန်​တီယံယံကမနက်​စာ
နို့နဲ့ကိတ်​ပြင်​​ပေးထားတယ်​ စားလိုက်​"

"အင်း"

ပြောပြီးရိ​ပေါ်ကမနက်​စာဆီ အာရုံစိုက်​ထားလိုက်​တယ်
မရပါဘူး သူ့မျက်​လုံးကကျန့်​​ကောဆီပြန်​​ရောက်​တယ်

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now