နိဒါန်း

12.2K 755 12
                                    

Unicode

တောင်ပေါ်မှ တိုက်ခတ်လာသော
လေနုအေးဟာ အနည်းငယ် ကြမ်းတမ်းစွာဖြင့် တောအုပ်ငယ်လေးမှတစ်ဆင့် အရှေ့ဘက် လယ်ကွင်းပြင်ကျယ်များသို့ ဖြတ်သန်းသွား၏။

" ဘူဆန်အရှေ့ပင်လယ်ပြင်မှ
အင်အားကောင်းသော မုန်တိုင်းဟာ
​မြောက်အရပ်သို့ ရွေ့လျားသွားပါပြီ

သို့ပေမယ့် ယနေ့ညနေမှာ လေပြင်းများတိုက်ခတ်ပြီး မိုးထစ်ချုန်းရွာဖွယ် ရှိပါတယ်
မိုးရေချိန်အနေနဲ့ -
တောင်ပေါ်ဒေသများတွင် . . . "


အိမ်ရှေ့ရှိ ရေဒီယိုမှ မိုးလေဝသ သတင်းကြေငြာသံအား ခပ်သဲ့သဲ့ကြားနေရသည်။

တဝီဝီတိုက်ခတ်နေသော လေပြင်းတို့နှင့်အတူ ပတ်ဝန်းကျင်ဟာ ပြာလွင်နေ၏။
ခြံထဲက အပင်ငယ်များသည်လည်း
လေသင့်ရာအတိုင်း ယိမ်းနွဲ့လျက်။

သည်ညနေတော့ မိုးအတော်သည်းပေတော့မည်။

"ဂျီမင်းရေ . . အိမ်ရှေ့မှာလှမ်းထားတဲ့
ငရုတ်ဗန်းတွေကို သွားသိမ်းလိုက်ဦး
မိုးတွေအုံ့လာပြီ"

အိမ်နောက်ဖေး မီးဖိုချောင်၌ ပန်းကန်ဆေးနေသည့် အဘွားဖြစ်သူ၏ ပိုင်နိုင်လှသောအသံကြီးသည် မိုးသံလေသံကြားမှ ရှင်းလင်းစွာထွက်ပေါ်လာတော့သည်။

"ဟုတ် . . ဟုတ် . . ဖွားဖွား"

ဂျီမင်းမှာ အဘွားဖြစ်သူ လှမ်းထားသော
ငရုတ်ဗန်းများအပြင် နေ့လယ်က သူလျှော်ထားပြီး မခြောက်သေးသည့် အဝတ်များကိုပါ အပြေးအလွှား သွားရုပ်ရသေး၏။

"ဟင်း . . ဒီပုံစံအတိုင်းဆို မနက်ဖြန် တောင်ပေါ်သွားတဲ့လမ်းတွေ ချော်နေတော့မှာပဲ"

ရုပ်လာသော အဝတ်များအား ရေချိုးခန်းအတွင်း၌ အစီအရီ ပြန်လှမ်းနေရင်း ဂျီမင်းတစ်ယောက် ညည်းတွားနေပြန်သည်။

မိုးတွင်းဆို သူတို့ဒေသက တောင်ပေါ်တတ်တဲ့ လမ်းတွေ ဘယ်လောက် ချောနေမှန်း ဂျီမင်းအသိဆုံး။

အနှီရွာလေးထံ ဘူဆန်မြို့ပေါ်ကနေ ( ၅ )နာရီခန့်ကြာအောင် ကားစီးလာရပြီး တော်ရုံ လူ အရောက်အပေါက်လည်း နည်းသေးသည်။ ဒေသရဲ့ တစ်ခုတည်းသော အထက်တန်းကျောင်းဆိုလျှင် ရွာထိပ်ကနေ ( ၂ ) နာရီမျှကြာအောင် ဘက်စ်ကားစီးရ၏။

PETRICHOR || VMINWhere stories live. Discover now