6

3K 543 19
                                    

Unicode

"ဒီနေ့ဘာတွေများ ​ပျော်စရာရှိလို့လဲမြေးရဲ့"

မီးဖိုခန်းထဲ၌ သီချင်းတညည်းညည်းလုပ်နေသော မြေးဖြစ်သူအား အဘွားက ဧည့်ခန်းမှ သိုးမွှေးထိုးရင်း လှမ်း​မေးလေသည်။

"ခဏနေဦး . . ဖွားရေ ကျွန်တော် ဒါလေး
တည်ပြီးသွားရင် လာပြောပြမယ်"

ဂျီမင်းဟာ တလောက အဘွားအသိတစ်ယောက်လာပေးထားသည့် ဂျင်ဆင်းတချို့နှင့် ကြက်ပေါင်းရည်ပြုတ်နေရင်း လူကြီးနှင့်အတူ ဘက်စ်စီးခဲ့ရသည့် အချိန်အနည်းငယ်လေးအားတွေးကာ အူမြူးနေခဲ့၏။

"နေပါဦး . . ဒီလူကြီးက ငါ့ထက်အသက်တော်တော်ကြီးရင် ဘယ်နှယ့်လုပ်မတုန်း"

ကြက်ပေါင်းရည်အိုးကို အဖုံးဖုံးလိုက်ပြီး လက်ဖြင့် မေးစေ့၌မရှိသည့် အမွှေးတို့အားပွတ်ကာ စဥ်းစားဟန်ပြုနေပြန်သည်။

"ကြီးလည်းကြီးပေါ့ . . လူကြီးကဒီလောက်နုထွတ်နေတဲ့ဟာကို ဟီး . . ဟီး"

ကြက်ပေါင်းရည်ပွက်ပွက်ဆူလာကာ အသင့်အနေအထားရောက်မှ မီးကိုပိတ်၊ အပေါ့အငန်မြည်းပြီး အဘွားရှိရာ ဧည်ခန်းသို့ ထွက်လာခဲ့တော့သည်။

ဧည့်ခန်း စာအုပ်စင်ဘေးက တိုင်ကပ်နာရီကို တစ်ချက်ကြည့်လိုက်တော့ အချိန်မှာ သုံးနာရီခွဲနေပြီ။

အဘွားဖြစ်သူ၏ ကုလားထိုင်ဘေးက ကြမ်းပြင်မှာ ဝင်ထိုင်လိုက်ပြီး အဘွားပေါင်ပေါ် ခေါင်းလေးအုံးလိုက်တော့ အဘွားက သိုးမွှေးထိုးနေရာမှ ရပ်လိုက်ပြီး အလိုက်သင့်လေး မြေးဖြစ်သူ ခေါင်းလေးအား ဖွဖွလေးပွတ်သပ်ပေးသည်။

"ကဲ . . အချွဲတုံးလေး ဘာပူဆာမလို့တုန်း"

"ဖွား ကျွန်တော်လေ ပိတ်ရက်တွေမှာ ဆေးရုံကို လုပ်အားပေးသွားလုပ်ရင် ကောင်းမလားလို့"

"ကောင်းတာပေါ့ မြေးရဲ့
သွား . . အဖွားအားပေးတယ်"

"ဒါနဲ့ ဟိုလူကြီးရဲ့ အဝတ်တွေကို ဒီညနေသွားပေးလိုက်မယ်နော်"

"မီးပူရော တိုက်ပေးထားလားမြေး"

"ဟုတ် . . မနေ့ညကတိုက်ပေးထားတယ်
ဒါဆို ရေသွားချိုးလိုက်ဦးမယ်"

PETRICHOR || VMINWhere stories live. Discover now