19

2.7K 493 56
                                    

Unicode

မနေ့ည သန်းခေါင်ယံလောက်ကတည်းက ရွာနေသည့်မိုးဟာ သည်ကနေ့ မနက်ရောက်သည်အထိ တဖြောက်ဖြောက်ကျနေစဲ။
တစိမ့်စိမ့် အေးနေသော ရာသီဥတုက နယ်မြို့လေးတစ်ခွင်ကို လွှမ်းခြုံလျက်။

ဆေးရုံခန်းလေး အတွင်းမှာတော့ အဘွားဖြစ်သူနှင့် ဆန်ပြုတ်ခွံ့နေသည့် နမ်ဂျွန်တို့၏ စကားပြောသံ တိုးတိုးကိုသာ ကြားနေရပြီး
ဘေးကထိုင်ပြီး ထိုမြင်ကွင်းကို ငေးနေသော ကောင်လေးကတော့ တိတ်ဆိတ်စွာ။

တစ်စုံတစ်ယောက် ရောက်မလာခင်အချိန် အထိပေါ့။

"ဂျီဂျီလေး"

အခန်းတံခါးကို အသာလေးတွန်းဖွင့်ကာ ဝင်လာသည့် ဟိုဆော့ကြောင့် အထဲကလူသုံးယောက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။

"ဖွားနေလို့ကောင်းရဲ့လား ကျွန်တော် ဖွားနဲ့
တည့်လောက်မဲ့ မုန့်တွေတော့ ရွေးဝယ်လာတာပဲ"

လက်ထဲက မုန့်ထုပ်များအား တကြွကြွ မြှောက်ပြရင်း ဟိုဆော့က​ဆိုတော့ အဘွားကနမ်ဂျွန် ခွံ့လက်စ ဆန်ပြုတ်အား တော်ပြီးဖြစ်ကြောင်း လက်ဖြင့်ဟန့်သည်။

"ဟိုဆော့လေးရယ် ဒုက္ခခံလို့
ဘယ်သူလိုက်ပို့တာလဲ သားကို"

"ဟီးဟီး အိမ်ကကားနဲ့လာတာပါ"

ရွှင်ရွှင်လန်းလန်းဖြစ်နေတသော ဟိုဆော့၏ မျက်နှာကြောင့် အံ့သြနေရသူမှာ ပတ်ဂျီမင်းပင်။

ဘာကြောင့်လည်းဆိုတော့ . . ၊
သူ ကိုယ်တိုင် အစ်ကိုနမ်ဂျွန့်မှာ ကောင်မလေးရှိနေပြီဖြစ်ကြောင်း ဖုန်းနဲ့ဆက်ပြီး အ​ကျိုးအကြောင်း ပြောပြီးသား။ ဖုန်းဆက်တုန်းကဆို ဟိုဆော့ အသံအနေအထားအရ တစ်ပတ်လောက်တော့ စားမဝင်အိမ်မပျော်ဖြစ်ပြီး ငိုယိုနေလောက်မှာပဲဟု ဂျီမင်းတွေးထားတာ။

အခုတော့ ဟိုဆော့က ဘေးက အစ်ကိုနမ်ဂျွန်ကိုတောင် အဖက်မလုပ်ဘဲ အဘွားနှင့်သာ
ပြုံးပြုံးရွှင်ရွှင် စကားတွေပြောနေလေသည်။

ဘာဆေးတွေများ မှားစားထားပါလိမ့်။

"ဂျီမင်း"

အဘွားကို မုန့်ထုပ်ကမ်းပေးပြီးနောက် ဟိုဆော့က သူ့နားမှာ လာထိုင်သည်။

PETRICHOR || VMINWhere stories live. Discover now