1

5K 666 25
                                    

Unicode

ညက မိုးအသားကုန်ရွာထားသည်ကြောင့် အိမ်ခေါင်မိုးပေါ် တင်ကျန်ရစ်နေသော မိုးရေတချို့သည် တံစက်မြိတ်မှတစ်ဆင့် မြေပြင်သို့​​ ဖြည်းဖြည်းချင်း သက်ဆင်းလေသည်။

တံစက်မြိတ်မှ မိုးရေကျသံ တတောက်တောက်ဟာ မနက်ခင်းရဲ့နိုးစက်သံလိုလိုပင်။

ယနေ့ဟာဆိုရင်ဖြင့် တနင်္ဂနွေဖြစ်သည်မို့ ဂျီမင်းတစ်ယောက် မနက်စောစော အိပ်ယာနိုးနှင့်နေသည်။ မြို့ကြီးပြကြီးမှ လူများလို စူပါဆန်းဒေး အလုပ်များ၊ ကျောင်းများပိတ်သည်မို့ အားအားယားယား လျှောက်လည်ရန် နိုးထလာရသည်မဟုတ်။

ပတ်မျိုးနွယ် အစဥ်အလာအရ နောက်ဆုံးမျိုးဆက်မှ ကလေးတစ်ယောက်ဟာ လတိုင်းတစ်လတစ်ကြိမ် သူတို့ ကိုးကွယ်သည့်တောင်ပေါ်နတ်နန်း၌ ဝတ်ပြုဆုတောင်းရမည့် တာဝန်အရပင်ဖြစ်သည်။

မိဘနှစ်ပါးဆုံးပါးပြီး သုံးနှစ်လောက်အကြာတွင် အကိုဖြစ်သူနမ်ဂျွန်က ရှေ့နေစာမေးပွဲအောင်ပြီးနောက် မြို့မှာနေ၍ သူတို့မြေးဘွားအား ထောက်ပံ့ပေးနေရသည်။ အဘွားကိုယ်တိုင်က မွေးရပ်မြေမှာ ခေါင်းချချင်သည့် ဆန္ဒ​လေးကြောင့် ဂျီမင်းလည်း အဘွားအားစောင့်ရှောက်ကာ ထိုဒေသလေး၌ပဲ ကျောင်းဆက်တတ်ရပေသည်။

သို့ဖြစ်၍ တောင်ပေါ်ရှိ နတ်နန်းသွားရမည့် တာဝန်ဟာ ဂျီမင်းထံသို့သာ ကျရောက်လာလေတော့သည်။

သည်မနက်တွင် နေသာသည်တော့ မဟုတ်ပေမဲ့ မိုးအနည်းငယ်သာ အုံ့နေသောကြောင့် ရာသီဥတုက ညကလောက် မဆ်ိုးရွားတော့ပေ။ သို့ပေသိ တောင်ပေါ်တတ်လျှင်တော့ သတိထားရပေမည်။

"ညကမိုးကြောင့် တောင်ပေါ်လမ်းတွေ ချော်နေတော့မှာပဲ"

ဂျီမင် ညည်းတွားရင်းပင် အိမ်ထဲမှထွက်လာခဲ့သည်။ အပြင်ရောက်ရောက်ချင်းပင် ခြံထဲ၌ ညကမိုးကြောင့် အဘွား စိုက်ထားသည့် ခရမ်းချဥ်ပင်များ ထိုးထိုးထောင်ထောင်ဖြစ်နေသည်အား တွေ့လိုက်ရ၏။

အေးစိမ့်စိမ့်လေထုက ဆောင်ကြဥ်းသယ်ဆောင်လာသည့် မိုးရနံ့လေးအား တဝကြီး ရှုရှိုက်လိုက်ပြီးမှ သူ့၏ စိတ်အစဥ်ဟာ အနည်းငယ် ကြည်လင်လန်းဆန်းလာသလို။

PETRICHOR || VMINWhere stories live. Discover now