Extra

3K 479 43
                                    

Unicode

"မိုးရနံ့သင်းတဲ့ နေ့လေးတစ်နေ့"


စနေနေ့လေး တစ်ရက်မှာတော့ မနက်ကတည်းက မိုးတဖွဲဖွဲကျနေလေသည်။

ပုံမှန်နေ့တွေ မိုးရွာလျှင် ပြဿနာမဟုတ်သော်လည်း သည်လိုနေ့ကြီးရက်ကြီးမှာတော့ ဧည့်သည်များအတွက် စိတ်ပူရပြန်သည်။
ဘူဆန်မြို့၏ ခန်းမတစ်ခု၌ မင်္ဂလာပွဲလေးတစ်ခုကျင်းပကြတော့မည်။

ရာသီဥတုမှာ အေးစိမ့်စိမ့်ဖြစ်နေသည့်တိုင် ခန်းမထဲမဝင်ခင် ပြင်ဆင်နေသော သတို့သားငယ်၏ လက်ဖဝါးလေးတွေမှာ ချွေးစို့နေလေသည်။ နှုတ်ခမ်းငယ်ထက်က အပြုံးနုနုလေးနှင့်တင် ထိုသတို့သားငယ်လေး မည်မျှပျော်နေမှန်း ပေါ်လွင်နေ၏။

"ဂျီမင်း . . ငါအဆင်ပြေရဲ့လား"

ကိုယ်လုံးပေါ်မှန်ရှေ့ ဟိုလှည့်သည်လှည့်လုပ်ရင်း အနှီသတို့သားငယ်က သူ့ သူငယ်ချင်းအား စကားလှမ်းဆိုလေသည်။

"ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးပဲ
ကိုကို့ကို ပေးရမှာတောင် နှမြောတယ်"

ဘေးက စားပွဲခုံပေါ် လက်ထောက်ရင်း ပျင်းရိပျင်းတွဲဖြင့် ဂျီမင်းကဆိုသည်။

"ယား . . ပတ်ဂျီမင်း"

နီရဲတတ်လာသော မျက်နှာလေးနှင့်အတူ သတို့သားငယ်ဟာ လက်ထဲက ပန်းစည်းနှင့်ပစ်ပေါက်ဟန်ပြင်တော့။

"ဟိုး . . ဟိုး . . စိတ်လျော့ပါ ဟိုဆော့ရယ်
စနေတာသိရဲ့သားနဲ့ ပန်းစည်းလေးတော့ ဘေးချထားလိုက် ကိုကို ကိုယ်တိုင်ရွေးပြီး သွားဝယ်လာတာလေး ပျက်စီးသွားရင် ငါ အ​လုပ်ခံရမှာ"

"သိရင်ပြီးရော . . ဟွန့်"

ဟိုဆော့က စိတ်ကောက်သလိုနှုတ်ခမ်းလေးကို ဆူပြီး မှန်ရှေ့မျက်နှာမူလိုက်တော့ ဂျီမင်းက ချော့သည့်အနေနှင့် အနောက်မှနေ သိုင်းဖက်လိုက်သည်။

"ငါ့သူငယ်ချင်းက ကမ္ဘာပေါ်မှာ အချောဆုံး အလှဆုံး သတို့သားပါနော် . . ကိုကို့ကို သေချာစောင့်ရှောက်ပေးနော်"

PETRICHOR || VMINWhere stories live. Discover now