16

2.5K 484 35
                                    

Unicode

"ကျွန်တော် သွားမှရတော့မယ် ကိုကိုတို့ စောင့်နေလိမ့်မယ်"

"အွန်း"

ခါးဆီက ဖြေလျော့သွားသော လက်တစ်စုံသည် အားပျော့စွာ။

ရင်ခွင်နွေးနွေးဟာ သူ့ကိုယ်ငယ်နှင့် ဝေးကွာသွားပြီးနောက်တွင် ကသိကအောင့်နိုင်စွာသော အခြေအနေထဲက သူ ပြေးထွက်လာခဲ့တော့သည်။

သူ့ဘက်က ချစ်တယ်မပြောခဲ့သလို လူကြီးဘက်ကလည်း အနားမှာနေပေးပါလို့ပဲ ပြောခဲ့တာ။ အနားမှာနေတယ်ဆိုတာ ညီငယ်တစ်ယောက်လိုလား။ ဒါမှမဟုတ် ချစ်သူလိုလား။

ဘာပဲဖြစ်ဖြစ် နေပေးရမှာပေါ့ အနားမှာ။
လူကြီးအရင် လူကို မေ့နိုင်မဲ့အထိ။
သူ့ကိုချစ်လာမဲ့ အချိန်အထိ။

***

စက်တင်ဘာလသည် မိုး၏ အငွေ့အသက်တို့ အပြည့် လွှမ်းခြုံထားစဲ။ ဆောင်းဦးရာသီ၏ အအေးဓာတ်ပါ ဆင့်ကဲလာသည်မို့ နယ်မြို့လေးဟာ အအေးပိုလို့လာသည်။

သူတို့ငယ်ငယ်ကဆို ညရောက်တိုင်း အေးရသည့်ကြားမှ အစ်ကိုနမ်ဂျွန်က အိမ်ရှေ့က ခုံတန်းရှည်မှာ လှဲလျောင်းပြီး ကြယ်ကြည့်နေတတ်သည်။ မြို့ကြီးပြကြီးလိုမဟုတ်ပါဘဲ လျှပ်စစ်အလင်းရောင်နည်းသည့် နယ်ဒေသမို့ ညညဆိုလျှင် ကောင်းကင်တစ်ခွင်၌ ကြယ်များအပြည့် မြင်နေရသည်။

တလက်လက်နှင့် မှိတ်တုတ်မှိတ်တုတ် ကြယ်တွေကို ကိုကိုက သိပ်သဘောကျတာပဲတဲ့လေ။ သူကတော့ သည်လိုမဟုတ် ကြယ်ကင်းသည့် ကောင်းကင်ပြင်မှာ တစ်ပါးတည်းလင်းနေမဲ့ လရောင်ထိန်ထိန်ကိုသာ နှစ်သက်ခဲ့တာ။

ညစာစားသည့်အချိန် အစ်ကိုနမ်ဂျွန်က သူ့အား အရေးတကြီး စကားပြောစရာရှိသည်ဟု ဆိုခဲ့သဖြင့် အိမ်ရှေ့မှာထိုင်နေသော အစ်ကိုနမ်ဂျွန်ဆီ အဘွားကိုယ်တိုင် ယိုထိုးထားသော မက်မွန်ယိုပန်းကန်ကို ကိုင်ပြီး ထွက်ခဲ့သည်။

"ကိုကို"

"လာ . . ဂျီမင်းလေး"

သူက ဘေးမှာ ဝင်ထိုင်လိုက်သော်လည်း အစ်ကိုနမ်ဂျွန်ကတော့ ကောင်းကင်ပြင်ကို မျက်နှာမူထားမြဲ။

PETRICHOR || VMINWhere stories live. Discover now