9

2.8K 538 19
                                    

Unicode

ဝေလီဝေလင်းချိန်ကတည်းက အုံးမှိုင်းလို့နေသည့် ရာသီဥတုသည် ယခုထက်ထိ နေရောင်ပြပြပင် မမြင်ရသေးချေ။ မိုးသည် ရွာမည့်ဟန် ဆိုင်းပြင်လို့နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်ငြား ရွာချမလာ။
မိုးသက်လေအေးအေး​ကသာ အနားသို့ခဏခဏလာရောက် ကျီစယ်နေသည်။

မျှော်လင့်ထားသည့် တစ်စုံတစ်ရာဖြစ်မလာသည့်အခါ ဂျီမင်း သက်ပြင်းသာ ခပ်တိုးတိုးချရင်း ဘက်စ်မှတ်တိုင်၌ ကားအလာကို  ဆက်စောင့်နေမိသည်။

သည်နေ့လည်း လူကြီးရောက်မလာ။ ရောက်မလားဟု သုံးနှုန်းရမည်ထက် သူ့နှင့် လမ်းမကြုံဟုသာ သုံးလျှင် ပိုမှန်လောက်မည်။ လူကြီးနှင့်သူ မတွေ့ရသည်မှာ သည်နေ့နှင့်ဆိုငါးရက်မြောက်။ ပုံမှန်ဆို သူ ကျောင်းသွားသည့်အချိန် ဘက်စ်မှတ်တိုင်မှာ လူကြီး၏ စက်ဘီးလေးဖြင့် အလုပ်သွားချိန်နှင့် ကြုံနေကျ။ ယခုတော့ လူကြီး၏ အရိပ်အယောင်ပင်မတွေ့ရ။

ဟိုနေ့က ကိစ္စကြောင့် လူကြီးက သူ့ကိုရှောင်နေတာတော့ မဟုတ်လောက်ပါဘူးနော်။

မိုးအသားကုန် သဲသဲမဲမဲ ရွာခဲ့သည့် ထိုနေ့က  ကံကောင်းထောက်မစွာ သူတို့နှစ်ဦး ကားကြုံဖြင့် အိမ်ပြန်ခွင့်ရလိုက်သည်။ ကားသမားဦးလေးကြီးက တကူးတက တောင်ပတ်လမ်းအနောက်ကနေ လူကြီးကို အိမ်အထိလိုက်ပို့ပေးသည်။ သူကတော့ ဘက်စ်မှတ်တိုင်၌သာ ဆင်းနေခဲ့ပြီး အိမ်သို့ ခြေလျင်လမ်းလျှောက်ပြန်ခဲ့ရသည်။

ဘက်စ်ရောက်လာသည့်အခါ သူ ကားပေါ်အမြန်တတ်လိုက်ပြီး ထိုင်နေကျ ပြတင်းပေါက်နှင့်နီးသည့် အတွင်းထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ထိုအခါတွင်လည်း သူ့ခင်ဗျာ ဂရုတစ်ိုက် နေရာပေးတတ်သည့် လူကြီးကို ပိုပိုသတိရသွားပြန်ရော။

အနှီတစ်နေ့တာဟာလည်း ပုံမှန်အတိုင်း လူကြီးအကြောင်း တွေးရင်းဖြင့် ညနေစောင်းခဲ့ပြန်သည်။ ကျောင်း၌ ဘေးကဟိုဆော့နှင့်တောင် အရင်ကလောက် သိပ်ပေါက်ပေါက်မဖောက်ဖြစ်တော့။ ဟိုဆော့ကိုလည်း လူကြီးနှင့် ကိစ္စကို ရင်မဖွင့်ရဲခဲ့ပြန်ပါ။

PETRICHOR || VMINWhere stories live. Discover now