4

3.4K 602 33
                                    

Unicode

မှောင်ရီပျိုးစ ညဥ့်ဦးယံသို့ရောက်သည်မှ မိုးစဲလာသည်။ သို့သည့်တိုင် မိုးဖွားလေးများ တဖွဲဖွဲ ကျဆင်းလျက် ရှိသေး၏။ အိမ်အပြင်မှ ဖားအော်သံနှင့်အတူ ပုစဥ်းရင်ကွဲသံတို့ကိုပါ အဆက်မပြတ် ကြားနေရသည်။

နှစ်ဦးသားလုံး မိုးရေများ စိုရွှဲလာကြသည်ကြောင့် လူစိမ်းအား အစ်ကိုနမ်ဂျွန်၏ အင်္ကျီပေး ဝတ်ထားလိုက်သည်။ အဘွား လုပ်ပေးသော ဂျင်းလက်ဖက်ရည်နွေးနွေးလေးအား သောက်သုံးပြီးခါမှ လူစိမ်းဟာ အနည်းငယ်စိတ်ငြိမ်သွားဟန်ရှိသည်။

"မြေးလေး အဆင်ပြေသွားပြီလား"

"ဟုတ်ကဲ့ . . . ကျေးဇူးပါ"

အအေးဒဏ်ကြောင့် ချမ်းနေသေးပုံပင်။ လူစိမ်း၏ခန္ဓာကိုယ်ဟာ တသိမ့်သိမ့် တုန်ရီနေသည်။

ဂျီမင်းသည် အနှီလူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ မျက်တောင်မခတ်တမ်း ငေးနေသော်ငြား ထိုလူဟာ ဂျီမင်းအား အိမ်မှာ သည်အတိုင်းမွှေးထားသည့် တိရိစ္ဆာန်လေး တစ်ကောင်လို သတ်မှတ်ထားလေသလား မသိ။ သူ့ခင်ဗျာ ကိုယ်အလေးကြီးအား ရှိသမျှအားဖြင့် ဆွဲသယ်လာခဲ့ရသည့်တိုင် အနှီလူဟာ အိမ်ရောက်လာကတည်းက အဘွားနှင့်သာ စကားပြောနေပြီး ဂျီမင်းအား အဖက်လေးတောင် မလုပ်ရှာပေ။

"​ဒီကိုပြောင်းလာတဲ့ ဆရာဝန်လေးထင်တယ်
တောင်ပေါ်က အိမ်မှာနေတာမလား"

ထိုအချိန် အဖွားပြောလိုက်သည့် စကားကြောင့် ဂျီမင်း အလန့်တကြားဖြင့် မျက်ဝန်းအိမ်လေးများပင် ပြူးကျယ်ကုန်၏။

နေပါဦး . . အဘွားက ဘယ်လိုသိတာလဲ !!
ဒီလူကရော တကယ်ကြီးဆရာဝန်လား . . .

"ဟုတ်ပါတယ် . . . ကျွန်တော့်နာမည်က
ကင်မ်ထယ်ယောင်းပါ
ဆိုလ်းကပြောင်းလာတာ မကြာသေးပါဘူး"

လူစိမ်းက ဖျော့တော့စွာ ပြုံးရင်း မိတ်ဆက်၏။ ဝတ်ကျေတမ်းကျေပုံမျိုးတော့ ဖြစ်မနေပါ။

"ဒီဒေသက လူတွေအကုန်နီးပါး လူလေးအကြောင်းပြောနေကြတာ ဆိုလ်းက ပြောင်းလာတဲ့ လူချောလေးပဲ"

PETRICHOR || VMINWhere stories live. Discover now