11

2.8K 550 27
                                    

Unicode

"အစ်ကို"

"နာလို့လားဟင်"

"မဟုတ်ပါဘူး . . ဒီလောက်ဆိုရပြီထင်တယ်"

ဂျီမင်းက မျက်နှာလေးလွှဲကာဆိုလာတော့မှ ယခုအခြေအနေဟာ နှစ်ဦးသားအတွက် အလွန်အမင်း နီးကပ်လွန်းနေမှန်း ထယ်ယောင်း သတိဝင်တော့၏။

"သြော် . . အင်း အင်း"

"အဟွန်း . .  အစ်ကို စောစောက စတိုခန်းကို ဘာကိစ္စရှိလို့လာတာလဲ ကျွန်တော့်ကြောင့် သက်သက်ကြီး အလုပ်ရှုပ်သွားရပြီ"

ဂျီမင်း အမေးကြောင့် ထယ်ယောင်းက ခေတ္တစဥ်းစားဟန်ပြုပြီးမှ ပြန်ဖြေသည်။

"ကိစ္စရယ်လို့ မဟုတ်ပါဘူး ၊
ဂျီမင်းနောက်ကို သူနာပြုချွဲ တိတ်တိတ်လေး
လိုက်လာတာတွေ့လို့ သိပ်ပြီး မသင်္ကာတာနဲ့"

"သူနာပြုချွဲက ဘာလို့လဲ . . ."

ဒေါက် . . ဒေါက်

သူ့ စကားအပြီးမသတ်ရသေးခင် အခန်းအပြင်မှ တံခါးခေါက်သံကြားလိုက်ရသည်။ လူကြီးက အသုံးပြုပြီးသော ဂွမ်းအား အမှိုက်တောင်းထဲသို့ သွားပစ်ရင်း တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေသည်။

"ဝင်ခဲ့လေ"

အခန်းတံခါးအား ဖြည်းဖြည်းဖွင့်ကာ ဝင်လာသူမှာ တခြားမဟုတ်။ သူနာပြုချွဲသာပင်။
မပြုံးမရယ် မျက်နှာဖြင့် သူတို့နှစ်ဦးထံ မျက်လုံးလေး ကစားပြီးမှ စကားစ၏။

"ဒေါက်တာကင်မ် ရွာထဲ တစ်ချက်သွားပေးလို့ရမလား ဒေါက်တာဟန်က အခုခွဲစိတ်ခန်းဝင်နေတာမို့ သူ့လူနာကို သွားကြည့်ပေးဖို့ အကူအညီတောင်းခဲ့လို့"

"ကိုယ့်ကိုလည်းပြောခဲ့တယ် လာသတိပေးလို့ ကျေးဇူးနော်"

"​အော် . . ဒေါက်တာသိပြီးသားလား
ဒါဆို ခွင့်ပြုပါဦး"

ထိုအခါ သူနာပြုချွဲက ထယ်ယောင်းအား ခေါင်းညွှတ်ကာ နှုတ်ဆက်ပြီးမှ ဂျီမင်း ဘက်သို့ လှည့်ကာ။

"ဂျီမင်း ကိုယ်သွားပြီနော်"

"ဟုတ်"

အခန်းတံခါးကိုပိတ်ပြီး သူနာပြုချွဲ ထွက်သွားသည်အထိ ဂျီမင်း ထိုတံခါးကိုသာ ငေးနေမိသည်။

PETRICHOR || VMINWhere stories live. Discover now