10

2.8K 539 36
                                    

Unicode

ကြည်လင်ပြာလဲ့သော ကောင်းကင်ပြင်၌ တိမ်ကင်းစင်နေပြီး စနေနေ့ မနက်ခင်းလေးဟာ ရာသီဥတု သာယာနေသည်။ ညနေကျမှမိုးထမရွာဖို့သာ ဆုတောင်းရပေမည်။

အို မိုးရွာလည်း ဘာဖြစ်လဲ။ လူကြီး ကြောက်နေရင် သူဖက်ထားပေးမှာပေါ့။

သူ့အတွေးနှင့်သူ ပြုံးစစဖြစ်နေသာ ဂျီမင်း အနားသို့ သူနာပြုချွဲ ရောက်လာသည်။

"ပျော်စရာကိစ္စရှိလို့များလား ဂျီမင်း"

"မရှိပါဘူးအစ်ကိုရဲ့ ဟီး . .
ဒါနဲ့ အန်တီနိုရီတို့ရော"

"သူတို့က ထမင်းစားဆောင်မှာနေမယ်
မနက်စာ အခုမှစားနေကြတာ"

"သြော်"

"လုပ်စရာမရှိသေးဘူးဆို ဂျီမင်း ခဏနားနေဦးလေ"

"ဟုတ်ကဲ့"

အရပ်ခပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းရှိသည့် သူနာပြုချွဲသည် ဆေးရုံ၏ တစ်ဦးတည်းသော ယောက်ျားလေး သူနာပြုပီပီ ဆေးရုံက တခြားသူနာပြုများ၊ လူနာငယ်ငယ်လေးများကြားမှာ ရေပန်းလည်းစား၏။ ဂျီမင်းကိုလည်း စတွေ့ကတည်းက ညီလေးတစ်ယောက်လို သေချာဂရုစိုက်ပေးတတ်သော်ငြား သူနှင့် သူနာပြူချွဲ အတူရှိသည့်ချိန်ဆို ဘေးပတ်ဝန်းကျင်က တချို့တွေက တိုးတိုးတိုးတိုး ပြောတတ်ကြသည်မှာတော့ စိတ်အနှောက်အယှက်ဖြစ်စရာပါပင်။

အန်တီနိုရီပြောတာကတော့ သူနာပြုချွဲက ဂေးတဲ့ အဲ့တာမို့ဂျီမင်းလေး သတိထားတဲ့လေ။ သူကိုယ်တိုင်ကလည်း ယောက်ျားလေးက်ိုသာ စိတ်ဝင်စားတဲ့သူမို့ ကိစ္စမရှိပေမဲ့ လူကြီးကိုပဲ စိတ်ပူရလိမ့်မယ်။ တော်ကြာ သူနာပြုချွဲက သူ့လူကြီးကို ကြိုက်သွားမှဖြင့်။

အတန်ကြာတော့ အန်နီနိုရီတို့ ထမင်းစားဆောင်က ပြန်ထွက်လာကြပြီး တစ်နေကုန် အန်တီနိုရီဘေးမှာပဲ သူ ဝိုင်းကူပေးနေရသည်။ နေ့လယ်စာ စားချိန်မတိုင်ခင်မှာတော့
မြို့ပေါ်ကနေ ခွဲစိတ်လာပြီး သည်ရောက်မှချုပ်ရိုးပြယ်သွားသည်ကြောင့် ဆေးရုံရောက်လာသော လူနာအား ဝိုင်းကူ၍ ဆေးထည့်ပေးနေရ၏။

PETRICHOR || VMINWhere stories live. Discover now