12

2.7K 519 26
                                    

Unicode

အနည်းငယ် မို့အစ်နေသယောင်ရှိသော မျက်ဝန်းအိမ်ငယ်လေးအား တစ်ချက်။ ပါးအို့ဖောင်းဖောင်းလေးနှစ်ဖက်၏ အလယ်က နှာတံစင်းစင်းလေးအား တစ်ချက်။ နောက်ဆုံး နီရဲဖူးကြွနေသည့် နှုတ်ခမ်းထူထူလေးအား တစ်ချက်။

ဘေး၌ အိပ်ပျော်လျက်ရှိသည့် ကလေးငယ်၏ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီအား တို့ထိနေမိသည်။ အကျင့်ပါနေသော မျက်လုံးတို့ကြောင့် ထယ်ယောင်းဟာ မနက်စောစော နိုးလာပါသော်လည်း ဘေးက ကလေးငယ်ကတော့ အိပ်မောကျ
လျက်ပင်။

မနေ့ကညက အိမ်ပြန်နောက်ကျသည်မို့ ဂျီမင်းလေး အဘွား၏ တောင်းဆိုမှုကြောင့်
ထယ်ယောင်း ထိုအိမ်မှာပဲ ညအိပ်ဖြစ်ခဲ့သည်။ အနားသို့ရောက်လာတိုင်း တုန်ယင်လာတတ်နေပြီဖြစ်သော နှလုံးသားတစ်စုံကြောင့် ညက ကလေးငယ်ဘေးမှာ သူ မနည်းကြိုးစားကာ အိပ်စက်ခဲ့ရ၏။

ပြတင်းပေါက်မှ ဖြာကျလာသည့် နေခြည်နွေးနွေးဟာ သူ့အားကျော်ကာ ကလေးငယ်၏
မျက်နှာပေါ် လာရောက်ခစားလေသည်မို့ နိုးသွားမှာ စိုးထိတ်သည့်စိတ်ဖြင့် သူ့လက်နှင့် မိုးကာပေးထားမိလိုက်သည်။

သူ မလွန်ပါဘူးနော်။ သစ္စာမရှိတဲ့ တစ်စုံတစ်ဦးအတွက် ထိုက်သင့်သလောက် သူ ခံစားခဲ့ရပြီးပြီမို့။ တစ်နှစ်လောက် နှလုံးသားဟာ နာကျင်ခဲ့ရပြီးပြီမို့။ ကုစားပေးဖို့များ ဘုရားသခင်က ကလေးငယ်နှင့် စုံတွေ့စေလေသလား။ စတွေ့တာဖြင့် တစ်လမပြည့်သေးသော ကလေးငယ်​အပေါ် သူ့ခံစားချက်တွေကရော ယုံရရဲ့လား။

သို့သည့်တိုင် သူ့အရွယ်က စိတ်ကစားတတ်သော အရွယ် မဟုတ်လေတော့။ အနှီကလေးငယ်ဟာ သူမနဲ့ သိပ်တူနေလို့များပင်လား။

***

တနင်္ဂနွေနေ့၏ မနက်ခင်းယံဟာ နှစ်ဦးသား အတူတူ စတင်ရလို့များလား။ သို့တည်းမဟုတ် ကောင်းကင်ပြာတစ်ခွင် တိမ်ကင်းစင်ပြီး ရာသီဥတုသာယာနေလို့များပင်လား။ ထယ်ယောင်း စိတ်ကြည်လင်နေသည်တော့အမှန်။

မည်သို့ပင်ဆိုစေကာမူ အနှီကလေးနှင့် အတူရှိရသည့် အချိန်တိုင်း သူ အရင်ကလိုမဟုတ်ဘဲ စိတ်ထဲပေါ့ပါးနေ၏။ စက်ဘီးနင်းရင်း နောက်ပါးဆီမှ ကလေးငယ်ပြောသမျှ စကားတွေကို နားထောင်ရတာ သူသဘောကျတတ်လာပြီ။ ခါးဆီဖက်တွယ်လာသည့် လက်တစ်စုံကိုလည်း အနှစ်နှစ်အလလက ခံစားမိဖူးသလို နေသားကျနေသည်။

PETRICHOR || VMINWhere stories live. Discover now