5

3.2K 593 49
                                    

Unicode

မနက်ခင်း၏ နေခြည်နုနုဟာ လိုက်ကာ
မချထားသော မှန်ပြတင်းမှတစ်ဆင့်
အခန်းငယ်အတွင်းသို့ ဖြာကျသည့်ချိန်
တစ်စုံတစ်ဦး၏ ရင်ခွင်ထဲက အကောင်ငယ်လေးဟာ လူးလွန့်လာလေသည်။

နွေးထွေးမှုကြား ပိုပိုတိုးဝင်မိတော့ အနှီနွေးထွေးမှုလေးကနေ နှလုံးခုန်သံမှန်မှန်ကိုလည်း ကြားနေရသည်။ သိချင်ဇောဖြင့် အိပ်ချင်စိတ်မပြေသေးသော မျက်လုံးတို့ကိုဖွင့်ကြည့်မိလိုက်သည်။

ရင်အုပ်ကျယ်တစ်ခုဟာ နိမ့်ချည်မြင့်ချည်နှင့် အသက်ကိုမှန်မှန်ရှုနေသည်။ ခေါင်းကိုအနည်းငယ် မော့ကြည့်လိုက်သည့်အခါ ယောက်ျားပျို၏ မျက်နှာအား ရှင်းလင်းစွာ မြင်လိုက်ရ၏။

ဖြောင့်တန်းနေသော မျက်ခုံးနက်နက်တို့၏အောက်က မှိတ်ထားသော မျက်လုံးတို့တွင် မျက်တောင်စိပ်စိပ်လေးများဟာ နေရောင်ကြောင့် အရိပ်ကျလို့နေသည်။

ဤသည်ပင်လျှင် ထိုလူ၏ ဆွဲဆောင်မှုဖြစ်လိမ့်မည်။

နှာတံအောက်နားက မှဲ့ထင်းထင်းလေးဟာ သူ့ အားနည်းချက်လေး မဖြစ်လာပါစေနဲ့။ အနည်းငယ် နီညိုရောင်သန်းနေသော အသည်းပုံသဏ္ဍာန်နှုတ်ခမ်းတွေအား ထိတွေ့နမ်းရှိုက်ကြည့်ပါက မည်သ်ို့သော အရသာလေးအား ခံစားရမည်လဲ။

"ဒါဟာ ကျွန်တော့်ရဲ့
ရူးနှံ့မှုသက်သက်တွေပါပဲ"

ရင်ခွင်ထဲမှ အသာလေးရုန်းထွက်ပြီးနောက်
အဘွားမနှိုးခင် မနက်စာပြင်ရန် အခန်းထဲမှထွက်လာခဲ့လိုက်သည်။

သို့သည့်တိုင် အစ်ကိုနမ်ဂျွန် မရှိသည့်နောက်ပိုင်း သူ ပထမဆုံးပြင်ပေးရမည့် သုံးယောက်စာ ထမင်းဝိုင်းလေးဖြစ်ကြောင်း တွေးမိရုံဖြင့် ဂျီမင်း၏ ရင်ထဲ အနွေးဓာတ်လေးတိုးဝင်လာပြန်သည်။

ဂင်ချီထမင်းကြော်အား သုံးယောက်စာပြင်ပြီးနောက် ပဲပင်ပေါက်ဟင်းရည်ပူပူလေးကိုပါတည်ထားလိုက်သည်။ ခဏအကြာတွင် အဘွားလည်းနိုးလာပြီး ထမင်းစားခန်းသို့ရောက်လာသည်။

"မြေးလေး . . . ဟိုလူလေးကို သွားနှိုးတော့တော်ကြာသူလည်း ဆေးရုံသွားဖို့နောက်ကျနေမယ်"

PETRICHOR || VMINWhere stories live. Discover now