8

2.8K 551 21
                                    

Unicode

မထင်မှတ်ထားသည့် အဖြေစကားကြောင့် ဂျီမင်း မျက်ဝန်းအိမ်လေးများတောင် တအံတသြဖြင့် ဝိုင်းစက်လာရ၏။

ဟင့်အင်း . . ၊ မဖြစ်နိုင်တာ။
နောက်နေတာသေချာပါတယ်။
လူသတ်သမားတစ်ယောက်က ထောင်မကျတဲ့အပြင် ဆေးရုံမှာ ဆရာဝန်အဖြစ်ဆက်လုပ်နေနိုင်တာ မဖြစ်နိုင်တဲ့ ကိစ္စမလား။

အကျိုးအကြောင်းသင့် စဥ်းစားမိမှ ဂျီမင်း စိတ်အေးသွားရသည်။ သို့သိတိုင် မည်သူက ကိုယ့်အမျိုးသမီး ဆုံးပါးသွားသည့် ကိစ္စအား ရွှတ်နှောက်စွာ ဆိုလိမ့်မည်နည်း။ ဤအချက်အား တွေးမိပြန်တော့ ဂျီမင်း စိတ်ရှုပ်ထွေးစွာ ခေါင်းကုတ်မိတော့၏။

လူကြီးဟာလည်း ပုံမှန်နှုန်းလေးအတိုင်း စက်ဘီးအား ဆက်နင်းနေသည်ကြောင့်ရော၊
သူလည်း ထပ်၍ မမေးချင်တော့​သည်မို့ပါ
လူကြီး အနောက်ကသာ ငြိမ်ငြိမ်လေး ထိုင်လိုက်ရင်း ဘေးက ကန်ရေပြင်ကျယ်ဆီသာ  အကြည့်တို့ကို ပို့ထားလိုက်တော့သည်။

နောက် ဆယ်မိနစ်လောက် ထပ်စီးပြီးနောက်ဆေးရုံငယ်လေးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ ဆေးရုံရှေ့၌ လူနာများအပန်းဖြေရန်အတွက် ပန်းခြံငယ်လေးတစ်ခုရှိ၏။ နှစ်ဦးသား ဝင်လာသည့်အချိန် လူနာတချို့နှင့် သူနာပြုတစ်ယောက်စ၊ နှစ်ယောက်စအား ပန်းခြံအတွင်း တွေ့ရသည်။

ဝှီးချဲနှင့် လူနာအဘိုးတစ်ယောက်ကို အနောက်က တွန်းပေးနေသော အသားဖြူဖြူ ဝဝဖိန့်ဖိန့် သူနာပြုအန်တီကြီးက ဆေးရုံဝန်းအတွင်းဝင်လာသည့် သူတို့စက်ဘီးလေးရှိရာသို့ ပြုံးရယ်ရင်း လက်လှမ်းပြသည်။

သူ့ရှေ့က လူကြီးကတော့ မည်သို့တုန့်ပြန်လိုက်သည်ကို မသိ။ ဖြစ်နိုင်သည်မှာ သည်အတိုင်း ခပ်ဖွဖွလေးသာ ပြုံးရုံပဲ နှုတ်ဆက်လောက်လိမ့်မည်။

ပန်းခြံကိုကျော်ပြီး ဆေးရုံဝန်းအနောက်ဘက်က အဆောက်အဦးတစ်ခုဘေးမှာ စက်ဘီးကိုရပ်ထားလိုက်သည်။

"ကိုယ့်နောက်လိုက်ခဲ့နော်"

သူ့အားတစ်ချက်မျှတောင် မကြည့်ပါဘဲ လူကြီးက စက်ဘီးအား သော့ခတ်ရင်း​ဆိုသည်။

PETRICHOR || VMINWhere stories live. Discover now