14

2.6K 473 29
                                    

Unicode

ဧည့်ပရိတ်သတ် မပါပါဘဲ။
ချီးမြှောက်မည့်သူ မရှိပါဘဲ။
ကျင်းပခဲ့ရသော မင်္ဂလာပွဲလေးတစ်ခုသည် အချစ်တို့ဖြင့် အတိပြီး၏။

ဘုရားကျောင်းလေးထဲက အကြင်သူနှစ်ဦးဟာလည်း အပြုံးကိုယ်စီဖြင့်သာ။

ဖာသာ၏ ကောင်းချီးသြဝါဒကို ခံယူပြီးနောက် လက်ထပ်ပွဲလေးသည် အနမ်းတစ်ပွင့်ဖြင့် အဆုံးသတ်၏။ ရှေ့၌ရှိသော သတို့သမီးငယ်သည် ထယ်ယောင်းစိတ်ထဲတွင်တော့ အတုမရှိသည့် အလှပဆုံးသော အမျိုးသမီးငယ်။

အသက်ထက်ချစ်ရသော အနှီမိန်းကလေးအား အတားအဆီးများကြားကပင် သူရအောင် ယူခဲ့ရ၏။ ထို့ကြောင့် မည်သို့သောအခက်အခဲပင် ကြုံရကြုံရ အမျိုးသမီးလေးအား သူ့အသက်နှင့်လဲပြီး စောင့်ရှောက်ပါမည်ဟု သူကတိပေးခဲ့သည်။

ထိုနေ့က စနေ့နေ့ ၊
မနက်ကိုးနာရီတိတိအချိန်။

ဘုရားကျောင်းအပြင်၌လည်း မိုးဟာ သဲသဲမဲမဲကို ရွာချနေ၏။ ပွဲလေးပြီးစီးသွားပြီးနောက်တွင် ဖာသာအား ကျေးဇူးတင်စကားပြောပြီး ထယ်ယောင်းဟာ သတို့သမီးငယ်ရှိရာသို့ ထွက်ခဲ့၏။

မိုးကိုချစ်သော ကြင်နာသူဟာ မိုးရေထဲ ထွက်သွားလေသလား။ အို . . . ကိုယ့် သတိုးသမီးငယ် မိုးစိုကုန်မှဖြင့်။

အနည်းငယ် ပတ်ရှာပြီးသည့်အခါ ဘုရားကျောင်းဝင်းအတွင်း တစ်နေရာမှ သတို့သမီးငယ်၏ အရိပ်လေးအား တွေ့လိုက်ရသည်။
သို့သော် သူ အနားသို့ ကပ်လိုက်သည်နှင့်အဝေးသို့ ပိုပိုရောက်သွားသော ပုံရ်ိပ်ငယ်။

သူ ထိုပုံရိပ်ငယ်လေးနား ရောက်သွားတိုင်း တိုးဝှေ့လာသော လေပြည်တို့ဟာ မငြိမ်မသက် ဖြစ်လာလေသည်။

အနားအကပ်မခံသော သတို့သမီးလေးကဆို၏။

"ယောင်း . . ငါအရမ်းကြောက်တယ်"

"ဟင်"

တိုးလျသော ပင့်သက်ရှိုက်သံ သေးသေးလေးကို မိုးသံလေသံကြားကနေ ကြားလိုက်ရသည်။ ထို့နောက် ယောင်းဟူသော အော်ခေါ်သံလေး တစ်ချက်သာ ချန်ထားခဲ့ပြီး သတို့သမီးလေးဟာ မိုးရေတွေကြား ကွယ်ပျောက်သွားတော့၏။

PETRICHOR || VMINWhere stories live. Discover now