တခါတလေတော့ ဦးအချစ်တွေက ကျွန်တော်အတွက်တော့ ပင်လယ်သမုဒ္ဒရာကြီးလို့ပဲ အရမ်းချစ်ပြီ အရမ်းနက်ရှိုင်တဲ့ ဦးမေတ္တာတွေက ကျွန်တော် ဦးအပေါ်ကို တနေ့တခြားပိုပို အချစ်တိုးလာစေတယ်
"ကလေး ကိုယ်ရန်ကုန်ကို အလုပ်ကိစ္စနဲ့ ပြန်ရမှာ ကလေးလိုက်ခဲ့ပါလား"
"ကလေးက အလုပ်ဝင်နေပြီလေ ဦး နောက်လိုက်ခြင်းပေမယ် ပြီတော့ ကလေး ဖေဖေ နာရေးပြီးတော့ ခွင့်ယူထားတာရော ပေါင်းလိုက်ရင် ခုမှအလုပ်ပြန်ဝင်တာ တပတ်တောင်မပြည့်သေးဘူး... ကြာရင် အုပ်ကြီးက အလုပ်ထွက်စာတင်ခိုင်းတော့မယ် "
"ကိုယ် ကလေးကို ဘယ်သူ အဲလိုဘယ်သူလုပ်ပိုင်ခွင့်ရှိလဲ မင်းသွေးပိုင် ဘဝမှာ ဟော်ဒီက ကလေးလေးကို ဒီတသက်မပြောနဲ့ နောက်ဆယ်သက် ဘဝပေါင်းမျာစွာမက အနားမှာခေါ်ထားနိုင်တယ်...ဆိုတာ ကလေးယုံလား"
ဦး အဲလိုပါဆို တခါတလေ မထင်ရက်လောက်အောင် ရုပ်တည်ကြီးနဲ့ လူကို အရမ်းခြွေတာ..
ဟုတ်ပါတယ် ဦးပြောတာလဲ ဦးက တကယ် စီးပွားရေးထိပ်သီးမှာ ဒိတ်ဒိတ်ကြဲချမ်းသာတဲ့ စရင်းဝင် Top သူဋ္ဌေးကြီးကို ကျွန်တော်လို့ နယ်မြို့လေးမှာ နေနိုင်စားနိုင်ရုံလောက်နဲ့ အညတရ ကုန်သည်သူဋ္ဌေးသားလောက်လေးနဲ့တော့ ယှဉ်စရာအကြောင်းမှမရှိတာ
"ဦးနော် ကျွန်တော်အနေခတ်အောင်မလုပ်ပါနဲ့လို့ပြောထားတာကို ပြီတော့ ဦးအရှိန်နဲ့ ကျွန်တော် ပတ်ဝန်းကျင်က ကျွန်တော်အပေါ်ကို ကောင်းပြတာမလိုချင်ဘူး..... နော်...."
"အင်းပါ ကလေးသဘော... "
"အဲတာကြောင့် ဦးကို အရမ်းချစ်နေရတာ "
"တကယ်လား... "
"တကယ်ပေါ့ဗျ..."
"သေချာလား..."
"အင်း...သေချာတယ်"
"ကိုယ်ယုံအောင်.... ဘယ်လိုသက်သေပြမှာလဲ"
ဆိုပြိ ဦး ကျွန်တော် နှုတ်ခမ်းနားကို လာရန်ရှာတော့တာပဲ တခါတလေ လူညစ်ကြိး မထင်ရင်မထင်သလို့ ထထ ဖောက်တယ်...
ကျွန်တော် လက်ကလေးနဲ့ ဦး ရင်ဘက်ကို တွန်းလိုက်တော့ ဦးကျွန်တော်လက်လေးနှစ်ဖက်ကို ဦးရဲ့ လက်ဖဝါးအကြိးကြီးထဲ့ မြုပ်နေအောင် ဖမ်းချုပ်ထားတယ် ...
YOU ARE READING
၃၁ဘုံမှာဦးအချစ်တတ်ဆုံး
Romanceတကယ်လို့ ကလေး နဲ့ သာမဆုံဖြစ်ခဲ့ရင် ဦး ကံကြမ္မာလဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဦးမတွေးဝံ့နိုင်ဘူး ဦးမင်းသွေးပိုင်ဆိုတဲ့ လူရဲ့ဘဝမှာလဲ နာမည်နဲ့လိုက်အောင် လိုချင်တာကို မင်း ရဲ့ သွေးပဲဖြစ်နေတာပါစေ ပိုင်ဆိုင်နိုင်အောင်လဲ လုပ်နိုင်တယ် ကလေးရဲ့ ဘဝကိုလဲ အတ္တမပါပ...