39

7.7K 608 62
                                    

မျက်လုံး နှစ်ဖက်ကို ဖြေးဖြေးချင်း အားယူပြီ ဖွင့်ကြည့်လိုက်တော့ မျက်စိရှေ့တည်တည်က အဖြူရောင် မျက်နှာကြပ်တခုက ချိတ်ဆွဲအလှဆင်ထားတဲ့ ဖန်စီ မီးဆိုင်းတခု....
ခုကျွန်တော်ရောက်နေတာက အိပ်ခန်းတခန်း ပြီတော့ ကျွန်တော်နဲ့ ဦးရဲ့ အခန်းပေါ့

ကျွန်တော် အိပ်ပျော်သွားခင်က အောက်ထပ်မှာပါ ခု အခန်းထဲ့က ကုတင်ပေါ်မှာဆိုတော့ ဦး ကိုယ်တိုင် ချီပြီ ခေါ်လာတာထင်တယ်....
ချစ်တယ် ဦး....

" ကလေး နိုးပြီလား..."

ကျွန်တော်အိပ်ယာပေါ်ကနေ မထသေးဘဲ ခေါင်းရင်းဘောင်ကို ခေါင်းအုံးခုထားပြီ မှီထားရင်...ဦးကို ခေါင်းငြိမ့်ပြလိုက်တယ်.

" ကလေး.... ညနေ့က အိပ်ပျော်သွားတာ အောက်ထပ်က ဆိုဖာပေါ်မှာ.ကိုယ်တွေလက်တွေနာ မှာဆိုလို့ အခန်းထဲ့ကို ချီခေါ်လာတာ.."

" ဦး ရေချိုးပြီတာလား.."

" ဟုတ်တယ် ကလေးအတွက် ကိုယ်ရေစပ်ထားတယ် ကိုယ်ရေချိုးပြိတာနဲ့ ကလေးကို တခါတည့် နိုးမလိုလုပ်နေတာ..."

ခုဦးရဲ့ ရေချိုးပြီခါစ ပုံစံက ခားအောက်ပိုင်းကို တဘက်ထည် တည်ပတ်ထားပြီ အပေါ်ပိုင်း ဗလာနထိ ရင်ဘက်က ကြွက်သားအဖုထစ်တွေကြားမှာ ရေစက်တွေက တွဲခိုးနေတာ နေဝင်ချိန်မှာ စုတ်ချက်လှလှနဲ့ ရေးဆွဲထားတဲ့ ပန်းချီကား တချပ်လို့ပဲ အသက်ဝင်နေတယ်....
ထို့နောက် ဦးခေါင်းဘက်ကိုကြည့်မိတော့ မခြောက်သေးတဲ့ နက်မှောင်ပြီ အရင်လို့ အပြင်သွားရင် ဆံပင်ကိုလှန်တင်ထားသလိုမဟုတ်ဘဲ..ရေစိုပြီ နဖူးပေါ်ကို ခပ်အုပ်အုပ်လေး ဝဲကျနေတယ်....
နထင်းနားမှာ ရှိတ်ထိုးထားတဲ့ ရေတေတေလေးထင်နေတဲ့ ဆံသားတချို့ နဲ့ ပိုပြီ မိန်းမပျိုလေးတွေ အမြင်မှာဆို ဦးက မိန်းကလေးတိုင်ရဲ့ လုံးဝ Sexy Type ....

" ကလေး ကိုယ်ကို ငမ်းလို့ ဝပြီလား..."

" ဟမ်...."

" ခုမှ ဘာကို မသိချင်ယောင်ဆောင်နေတာလဲ...ခုနတဲ့က ကိုယ်ခောင်းသုတ်နေရင် ကလေးကိုယ်ကို ကြည့်နေတာ ခြေဆုံ ခေါင်းဆုံ... "

" မကြည့်ပါဘူး....ကျွန်တော်ဘာသာ ကျွန်တော် တခုခုတွေးနေတာ...."

၃၁ဘံုမွာဦးအခ်စ္တတ္ဆံုး Kde žijí příběhy. Začni objevovat