36

8.2K 677 52
                                    

သူရိန်အောက်ထပ်ကို ဆင်းလာပြီ ထမင်းစားခန်းထဲကိုသာ တန်းသွားလိုက်တယ်
အစီးရီခင်းကျင်ထားတဲ့ စာပွဲပေါ်က breakfast တချို့... ပြောရရင်တော့ အငွေ့တထောင်းထောင်းထနေတဲ့ နွားနိုူ့ ပူပူတခွက်
လေးထောင့်ပုံသဏ္ဍန် ရှိတဲ့ မဲမဲ အပြားကြီး O.O
what? ဘာကြီးလား !!!!!
နောက် ပန်းကန်ပြာတချပ်ထဲ့မှာ ကြက်ဥဟက်ပွိုင့် ခေါ်သော ကြက်ဥကြော်... ပန်းကန်လေးထဲ့ထည့်ထားတာ ပန်းကန်လေးက လှပြီ အထဲ့က ကြက်ဥကတော့ ဘယ်လိုပြောရမှန်တောင်မသိတော့ဘူး..
မာစတာချိစ့် သွားပြိုင်ခိုင်းရင်တော့ ဒိုင်တွေ သွေးပွက်ပွက်အန်သေလောက်မယ် အခြေနေပဲ...

ဒါပေမယ်... ဘယ်အရာမဆို အမြင်နဲ့ ဆုံးဖြတ်တာ ဘယ်အရာမှမကောင်းဘူးလို့ ကျွန်တော်အမေ မှာခဲ့ဘူးတယ်... အရသာတခု အစားစာတခုကို အမြင်နဲ့ မဆုံးဖြတ်ရဘူးလို့ ငယ်ငယ်တုန်းကဆို ကျွန်တော်မိဘတွေ ကျွန်တော်ကို ခနခန နားဝင်အောင်ပြောပြဖူးတော့ ကျွန်တော်ခုချိန်ထိ အစားသောက်နဲ့ ပတ်သတ်လာရင် ဂျီးမများပါ...

" ညီ... Ah!!! Sorry သူရိန် လာထိုင်..."

" ရပါတယ်...အကိုဥက္ကာ အဆင်ပြေသလိုခေါ်ပါ.."
ဥက္ကာရံ ဆွဲယူပေးတဲ့ ခုံကို အသင့်ထိုင်လိုက်ပြီ...
သူရိန်ရှေ့ စာပွဲပေါ်က Black&White ပေါင်းစပ်ထားတဲ့ မနက်စာရှေ့သို့ စတင်နေရာယူလိုက်ပါသည်...

" ကိုယ် မနက်စာပြင်ထားတာ အဆင်ပြေလား သူရိန် "

" အင်း ပြေမှာပါ "

ပြေတယ်လို့ ပြောခြင်းပေးမယ်...သူရိန် ကံကိုယုံ စုံလုံးမကန်းခြင်းပါ... ဒါကြောင့် ပြေမှာပါလို့သာ ပြောလိုက်သည်

" ဒါက ပေါင်မုန့်မီကင်လေ..သူရိန်ကြိုက်လား ကိုယ်လက်ရာစားပြီရင် ဆွေမျိုးတောင်မေ့သွားမယ်နော်... ကိုယ်က တော်ရုံဆို ဘယ်သူမှလုပ်မကျွေးဘူး...အဲတာဘာဖြစ်လို့လဲသိလား သူရိန်ကို ချစ်လို့ .."

ခင်ဗျာ!! စောနလေးက ကျွန်တော်ကြည့်လိုက်တဲ့ လေးထောင့်သဏ္ဍန်မဲမဲအပြားကြီးက ပေါင်မုန့်မီကင်ဆိုတာလား စောက်ကျိုးနည်း !!!!0.0
ဘာတဲ့ ပြောပါသေးတယ်.. ဆွေမျိုးတောင်မေ့သွားမယ်နော် တဲ့ ချီပဲ...T.T
အဲစကားလုံးတွေက စိတ်ထဲ့ကသာ ထွက်သွားပြီ..

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now