၁၇(Z-U)

14.2K 1.1K 35
                                    

Johnson သိရင်သွေးစောက်တတ်ပြီကုတင်ပေါ်လဲနေလောက်ပြီ
.
.
.

ဦး ရန်ကုန်ကို့ ထွက်သွားတာ ခုဆို ရက်တော်တော်ကြာနေပြီ ဟို့တနေ့က အဆက်သွယ်ရပြီ ခုမရပြန်ဘူး ဦးအရမ်းရက်စက်တာပဲ ကျွန်တော်ကို ပြစ်ထားတယ် ကျွန်တော် ဘယ်လောက်တောင်လွမ်းနေတယ် သတိရတယ်နေတယ်ဆိုတာ ဦးသိဖို့်ကောင်းတယ်

ချစ်ခွင့်ပန်းပြီ ဘယ်လောက်မှ မကြာသေးဘူး အလုပ်ကိစ္စနဲ့ဆို ထွက်သွားတာ ဘယ်သူကများ အသစ်စက်စက် ချစ်သူရပြီ ခွဲနေရလဲ မေးကြည့်ခြင်းပါတယ်

ညနေ့ခင်းတဲ့က အေးလာတဲ့ ဖားကန့်ရာသီဥတုကတော့ ဆေးရုံကအပြန် ရေစောစောချိုးပြီ အိပ်ရာထဲ့ နှပ်နေရမယ် အနေအထားပါ
ဒါပေမယ် မနှပ်နိုင်သေးပါ ခုရက်ပိုင်း ရောဂါတွေက တဖြည်းဖြည်းဆန်းပြားလာလေ ဆေးမှတ်တမ်း ဗဟုသုတ စာတမ်းပြုစုဖို့များလာလေ

.
.

ကျွန်တော် ပြန်လာတော့ အိမ်အောက်ထပ်မှာလဲ တိတ်ဆိတ်နေတယ် ကလေးရော မတွေ့မိဘူး ဒေါ်မြ ထွက်လာတာပဲ တွေ့တယ်

"ကလေးရော.. "

ရောက်ရောက်ခြင်း မင်းသွေးပိုင် မေးနေတဲ့ အခြေနေကြီးက မသိရင် ခရီးစိုက်လို့ ပြန်လာတဲ့ ဖခင်ကြီးက သားသမီးတွေကို မေးနေတဲ့ typeကြီး

" ခ... နာရီဝက်လောက်က အပေါ်ထပ်ကို တတ်သွားတာ ပြန်ဆင်းမလားသေးပါဘုး သွားခေါ်ပေးရမလား သူဋ္ဌေး "

"မခေါ်နဲ့ ရတယ် ကျွန်တော်ဘာသာ သွားကြည့်လိုက်မယ် "

မင်းထက်နဲ့ ဒေါ်မြတို့ကို အောက်ထပ်ထားခဲ့ပြီ အပေါ်ထပ်အိပ်ခန်းကလေးဆီရာကို အမြန်ဆုံးသောခြေလှမ်းကျဲကြီးဖြင့် တတ်လာခဲ့တယ်

သတိရနေတာ ကိုယ်ရဲ့ အရှင်သခင်လေး

ကျွန်တော် အခန်းထဲ့မှာအထင်နဲ့ တံခါးဖွင့်လိုက်တော့ ကြင်သူလေး ရှိမနေပါ ကိုယ်မရှိတဲ့ရက်တွေ ကလေး သူအခန်းသူပြန်အိပ်တယ်ထင်ပါရဲ့

ကလေးအခန့်းတံခါးကို အသားလေး လပ်ဖွင့်လိုက်တော့ ကုတင်းပေါ်မှာ အခန်းတံခါးကျောပေးပြီ တစောင်းလေးအိပ်ပျော်နေတဲ့ ကိုယ်ရဲ့ ကလေးငယ်

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now