၂၅ Z-U

11.1K 815 12
                                    

ဆေးရုံရှေ့ သတ်မှတ်ထားတဲ့ ကားရပ်တဲ့ နေရာမှာ ကားကို အရှိန်သတ်လိုက်ပြီ ဦး မောင်းသူနေရာကနေ belt upဖြုတ်ပြိ ကျွန်တော်ဘက်ကို လှည့်ကို ကျွန်တော် belt upကို ဂရုတစိုက်နဲ့ ဖြုတ်ပေးတာကအစ ကျွန်တော်ကို မူကြိုသွားမယ် ကလေးလေးတယောက်လို့... ဂရုတစိုက်

" ကလေး ညနေ့ ကိုယ်လာကြိုမယ်နော် တခြားလူနဲ့ မပြန်ရဘူး.. "

" ဟုတ်ကဲ့ ကျွန်တော် ဦးမရှိတဲ့အချိန်တွေကဆို အိမ်ကလာကြိုတဲ့ ကားနဲ့ပဲပြန်တာပါဗျာ စိတ်ချ "

" စိတ်မချလို့မဟုတ်ပါဘူးကွာ... ကိုယ်က "

မိုးမခ သူလက်ချောင်းသွယ်သွယ်လေးနဲ့ မင်းသွေးပိုင် နှုတ်ခမ်းထူထူကို လက်ညိုးလေးနဲ့ ဖိကပ်ပြီ

" ရှူ... ထပ်မပြောနဲ့တော့ ခုကျွန်တော်က ဦး ပိုင်ပြီသာ သက်ဆိုင်သူတယောက်ဖြစ်သလို ကျွန်တော်လဲ လူတယောက်လုံးကို ပိုင်ဆိုင်ထားတာ ဦးနားမှာ သေတဲ့အထိ တဖွားမှ မခွာဘဲ နောက်ဆုံးထွက်သက်ထိ... ဒါပေမယ်... ကျွန်တော် ဦး ကို ယုံတယ် ကျွန်တော်ကြောက်တာ... "

ကားမှန်ဘက်ကို လှည့်သွားတဲ့ ချစ်ရသူလေး...

" ကလေး ဘာကိုကြောက်တာလဲ.. ပြောပါ ကလေးဘယ်သူကို ကြောက်တာ ကလေးကို ကြောက်စေတဲ့ အရာတွေအကုန်လုံးကို ကလေးနားမှာ မြူမှုန့်တစလိုတောင် မကျန်အောင် အကုန်လုံးကိုရှင်းထုတ်ပေးမယ်...."

" ဟင်အင်.. ကျွန်တော်တို့ရဲ့ မမြင်နိုင်တဲ့ ကံကြမ္မာကို ကြောက်တာ "

မင်းသွေးပိုင် ကလေးငယ်ကို ရင်ခွင်ထဲ့ ဆွဲသွင်းစေပြီ ခေါင်းလေးစောင်ကာ နှုတ်ခမ်းပါးလေးကို စတင်သုံးဆောင်မိတယ် ...

စိတ်ချပါ ကလေးငယ် ကိုယ်ကချစ်ပေးမယ် ကလေးကို ကိုယ်ကိုသာ ယုံယုံကြည်ကြည်နဲ့ ချစ်ပေးပါ အချစ်က ပူလောင်တယ်ဆိုတာကို ဘာကိုပြောတာလဲ မေးယူရလောက်အောင် ကိုယ်အချစ်တွေ ကလေးငယ် အသက်ထက် ပိုပြိ ပိုပြီ

မိုးမခက မင်းသွေးပိုင် ရင်ဘက်ကို လက်ကလေးနဲ့ တွန်းလာမှ မင်းသွေးပိုင် မလွတ်ချင် လွတ်ချင်နဲ့ နှုတ်ခမ်းလေးကို နှမျှော်သသနဲ့ လွတ်ပေးလိုက်ရတယ်

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now