43

5K 450 17
                                    

မနက်စောစောရတာ အကျင့်မဟုတ်ပေမယ် ညက တလုံးအိပ်မပျော်ဘူး ညီ ကို စိုးရိမ်လွန်ပြီ အိပ်မပျော်ဖြစ်ခဲ့ဘူး..... နိုးလာရင် အိမ်ကိုချက်ချင်းခေါ်သွားပြီ သက်သက်သာသာ နေလို့ရအောင် စီစဉ် ထားမှ

သူရိန်နိုးသွားမှာဆိုးတာကြောင့် ဥက္ကာရံ ဖုန်းယူပြီ ချက်ချင်းအပြင်ထွက်လာခဲ့သည်
ဥက္ကာရံ ထွက်သွားပြီ မကြာလိုက်ပါဘူး... သူရိန် နိုးလာခဲ့တယ်...
နိုးနိုးချင်း ​မြင်ခြင်းတဲ့သူမရှိတော့ စိတ်ထဲ့မှာ တမျိုးကြီးဖြစ်သွားတယ် ဝမ်းနည်လာတယ် ဘာကြောင့်မှန်မသိ...

" ပြောတော့ဖြင့် ညီ ခွင့်ပြုရင် ညီနားမှာ တသက်လုံး နေမယ် ဆိုပြီ ခုကျတော့ အမြီးတောင်မမြင်ရတော့ဘူး...ခင်ဗျာ စောက်ပိုလုပ်ပြီ ဂျင်းထည့်သွားတာ နောက်တခါ မျက်စိရှေ့ ပေါ်လာကြည့် အရှင်မထားဘူး "

နိးနိုးချင်း မျက်နှာ မသစ်ရပါသေးဘဲ ပါးစပ်က ကျက်တူရွေးတကောင်လို့ ရေရွတ်ပြီပြီ....
ခဏမကြာလိုက်ပါဘူး... ဥက္ကာရံ အခန်းထဲ့ပြန်ဝင်လာတော့မြင်လိုက်တော​့

**ဟင် သူမပြန်ဘူးလား ဒါဆို တစ်ညလုံး ငါအနားမှာ နေနေတာပေါ့ **
စိတ်ထဲ့ကနေ ပြောနေမိတယ်...

" ညီ ကိုယ်ကို ဘာတွေကြည့်နေတာလဲ မျက်တောင်လေးဘာလေးလဲ ခတ်ပါအုံး..."

သူရိန် မျက်နှာ အနား  လက်ဖြောက်တောက်ပြီ ဥက္ကာရံ  ပြောလိုက်သည်...

" ခင်ဗျာကို ကြည့်နေတယ်လို့ ဘယ်သူကပြောလဲ.. အားအားယားယား "

သူရိန်တစ်ယောက် ဆံပင် မဖြီးရသေးတော့ ဟိုတစဒီတစ်စနဲ့ ဖွာလဲကြနေတဲ့ ဆံပင်လေးတွေက ချစ်စရာကောင်းလှတဲ့မျက်နှာလေးပေါ် ခပ်အုပ်အုပ်လေးကျနေပြိ အိပ်ရေးဝလို့ ပြည့်နေတဲ့ မျက်ခွန် မို့မို့လေးတွေ ပြီတော့  ပန်းဆီရောင်သန်းနေတဲ့ နှုတ်ခမ်းပါးပါးလေး ခွေးပေါက်လေးလို လူတွေတာနဲ့ လိုက်ကိုက်​တော့တာပဲ ...

ကောင်လေးရယ် မင်းဟာ ယောကျာ်းလေးတစ်ယောက်ဖြစ်နေပါရဲ့ ဘာလို့ မိန်းကလေးတွေဆီမှာတောင် မြင်ခဲလှတဲ့ အလှတရားအားလုံးကို မင်းဆီမှာ အကုန်မြင်တွေ့နေရတယ်...ချစ်ဖူးပါတယ် မိန်းကလေးတွေနဲ့ ချောလှပါတယ် ထင်ပြီ ကိုယ်တွဲခဲ့တဲ့ မိန်းမတွေအကုန်လုံး ခေါ်ပြီ ညီ ရဲ့ ဟော်ဒီ အိပ်ယာနိုးတဲ့ ပုံစံလေးပြလိုက်ရရင် ငိုယူကြကုန်လိမ့်မယ်....
(အစစ်မတွေ ငိုကြကုန်လော့ အမျှ အမျှ 🥴🤣)

၃၁ဘံုမွာဦးအခ်စ္တတ္ဆံုး Where stories live. Discover now