၃၇

10.3K 680 37
                                    

မျက်လုံးထဲ့စူးဝင်လာတဲ့ အလင်းတချို့ကို ထိုးဖောက်လိုက်ပြီ မျက်နှာချင်းဖြစ်နေတဲ့ မျက်နှာအဖြူရောင် ..
ခု သတိထားမိတာ ကုတင်ပေါ်ရောက်နေတာပဲ..... နားနေခန်းထဲ့က သက်တောင့်သက်သာ နားနားနေနေ လှဲလို့ရအောင်လုပ်ထားတဲ့ ကုတင်ပေါ်မှာ ကျွန်တော် ရောက်နေတာကို

" သူရိန် သက်သာပြီလား..? မင်းခုနက မူးလဲသွားတာ.. "

သူရိန် ကုတင်ဘေးစွန့်ကို လှမ်းကိုင်ပြီ ထမယ်လုပ်တော့ မိုးမခ ပြောလက်စ စကားကိုရပ်ပြီ..

" မထနဲ့ အုံး မင်း သွေးပေါင်းတွေထိုးကျနေတာ ခုရက်ပိုင်း အိပ်ရေးတွေ ပျက်နေတာမလား "

"အင်း ဟိုတလောက စာဖတ်တာများသွားလို့ "

အမှန်တော့ စာမဖတ်ဖြစ်ပါ ဟိုလူကြီးအကြောင်းကို နေ့ဘက်တွေမအားတော့ ညဘက် ကိုယ်ပိုင်အားလပ်ချိန်ရောက်မှ တွေးဖြစ်တော့ အိပ်ချိန်တွေ လွန်ပြီ ကြာတော့ ကျန်းမာရေးပါထိတဲ့ အဆင့်ထိရောက်လာတယ်

" သူရိန် စိတ်မကောင်းပါဘူး ငါတို့ထင်တာမဟုတ်တော့ "

ဖြူစင်သူ စကားဝင်ပြီ ဖောက်ပြောလိုက်တော့ သူရိန် နားမလည်သလို့ ကြောင်အမ်းအမ်းဖြစ်သွားတယ်

" ဘာကိုလဲ မမဖြူ "

" အော် နင်ကို ငါတို့က ခုနက ရောဂါလက္ခာကြောင့် ကိုယ်ဝန်ရှိနေတယ်လို့ထင်တာ လေ "

ကြားလိုက်ရတဲ့ စကားလုံးတွေကလဲ သူရိန်ကိုယ်ခေါင်းပေါ်ကိုယ် မိုးကြိုးခုနှစ်စင်လိုက် ပစ်ချလိုက်သလိုပါပဲ

" ဘယ်က ကိုယ်ဝန်ရှိရမှာလဲ ဗျ မမကလဲ ကျွန်တော်က ယောကျာ်းလေးကို ပေါက်ပေါက်ရှာရှာတွေ ပြောပြန်ပြီ... ဒီမှာ မမတို့ ဖတ်တဲ့ BL ficတွေထဲ့က အတိုင်းလိုက်ရူးမနေနဲ့ အဲတာတွေက အပြင်မှာ မရှိဘူးနော် "

" စကားကို ဆုံးအောင်ပြောနဲ့ မောင်လေး မင်းမမက အပွေးမြင် အပင်သိပြီသာ မောင်လေးရဲ့ "

" ဘာပင်လဲ ငှက်ပျောပင်လား "

" ဟက် ငှက်ပျော်ပင်က အပွေးရှိမလားဟဲ့ "

" ဟာတော်ကြပါတော့ ဗျာ..မမဖြူလဲ တော်တော့ သူရိန်လဲ တော်တော့ "

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now