၃၈

7.3K 605 28
                                    

" ကားကို ဂရုစိုက်မောင်းပါဗျ အကုန်တိုက်မိခါမှ....  ဦး မျက်နှာကြီး ဘာလို့ အဲလောက်ပြုံးနေတာလဲ... ကြည့်ရတာ အလုပ်မှာ အဆင်ပြေလာထင်တယ်...."

မင်းသွေးပိုင်မျက်နှာက ပျားရည်ပေါ်ကို သကြားဖြူးထားတဲ့ အတိုင်းဖြစ်နေသည်

" အင်း ဟုတ်တယ် ညကျရင် ဆု..ချ... ဘာမှမဟုတ်တော့ဘူး... "

" ဘာကို ဆု ချ မလို့လဲ ဦး...."

" ဘာ..ဘာမှမဟုတ်တော့ဘူး...ကလေး "

ဦး မျက်နှာကြည့်ရတာ တခုခုတော့ တခုခုပဲ... ငါ စိတ်ထင်တာနေမှာပါ...ခုလဲ စိတ်ညစ်နေတဲ့ရုပ်မပေါက်ပါဘူး ...

မင်းသွေးပိုင် ကားမောင်းနေရင် ဘေးကို ကြည့်မိတော့ အတွေးများနေတဲ့ ကလေးလေး...ဘာတွေစဉ်းစားခန်းဖွင့်နေလဲမသိဘူး...

ဟူးးးးး တော်ပါသေး ငါအကြံတွေ မရိပ်မိလို့...
ဘာပဲဖြစ်ဖြစ်ညကျမှ ဆုကြီးကြီးကို ချပစ်မယ်..

.
.
မင်းသွေးပို်င်တို့ ကားလေး ခြံဝန်းထဲ့ ဝင် အရှိန်လျော့ပြီ ဖြည်းဖြည်းချင်ဝင်လာတော့ ခြံထဲ့မှာ ကားအနက်ရောင် တစီးရပ်ထားတာကို တွေ့လိုက်ရတယ်...

အိမ်ထဲ့ကနေ ဒေါ်မြ ထွက်လာတော့..

" ဒေါ်မြ အိမ်ထဲ့မှာ ဘယ်သူတွေရောက်နေတာလဲ "

" ဟို..ဟို.လေ.. "

" တဟိုဟို နဲ့ ဘာဖြစ်နေတာလဲ ဘယ်သူ လဲ ဘယ်ကလဲ... ဘာကိစ္စ ရှိလို့လဲ "

ဦး မေးတဲ့ပုံစဲံကြည့်ပြီ ဒေါ်မြ တောင် စကားပြန်မလာတာ ကျွန်တော်ဘေးကနေ ကြည့်နေတဲ့သူတောင် ခေါင်းမူးတယ်..

" ဖြေးဖြေးမေးပါဗျာ ဦးကလဲ ....ဒေါ်မြ အိမ်ထဲ့က ဧည့်သည်ရောက်နေတာလား ဘယ်သူတွေလဲဟင် "

" ဟို ဘယ်သူမှန်တော့မသိဘူး ဧည့်သည်က အပေါ်ထပ် အခန်းကိုရှင်းခိုင်းပြီ အနားယူနေတယ်..."

" ဟင် ကျွန်တော် မိတ်ဆွေထဲ့မှာတော့ အဲလို မျိုးတွေမရှိပါဘုး..... ယောကျာ်းလား မိန်းမလား...."

" ယောကျာ်းတယောက်ပါ..."

ကျွန်တော် ဒေါ်မြကို ပြောပြီ ဦးမင်းသွေးပိုင် ဘက်ကို လှည့်ကြည့်လိုက်တော့
ဦးမျက်နှာပျက်သွားတယ်....

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now