နေလုံးကြီးလဲ တဖြည်းဖြည်း ပြောက်ကွယ်လုနည်းပါဖြစ်နေပြီ.. ကောင်းကင်တခွင်လုံးလဲ မဟူရာဘက်ကို သန်းနေပြီ..
ကောင်းကင်ကြီးကို ငေးကြည့်ပြီ ရုတ်တရက် ကျွန်တော်ဘေးက ဟိုတယောက်ကိုကြည့်မိတော့ အေးဆေးစွာ ကားကို မောင်းနင့်နေတယ်.." ခင်ဗျာဗျာ..စီးတော့ ကားကအကောင်းစား ပြေးတဲ့အရှိန်က လိပ်ထက်တောင်နှေးနေတယ်.."
" ပြခုမြန်မြန်မောင်းလို့ရပြီ.."
သူရိန် ဥက္ကာ ပြောလာတဲ့ စကားတွေကို နားမလည်လို ကြောင်အစွာ ငေးကြည့်နေမိတယ်..
" ဟမ်း."
ဥက္ကာ ပါးစပ်က ယောင်ပြီမှ ထွက်ကျလာသောစကားလုံးတွေကို ပြန်ဘရိတ်အုပ်လိုက်ပြီ..
" သြော်..ကိုယ်ပြောတာက ကားက တနေ့ကုန် စက်ရပ်ထားတော့ အရှိန်နဲ့ မောင်းပြီမှ မြန်တာ.."
သူစကားနဲ့ သူကတော့ချောနေတာပဲ သူရိန်လက်ကနာရီကို ကြည့်မိတော့.. ၆နာရီထိုးဖို့ ၁၀ပဲလိုတော့တယ်..
" ဒီညတော့ အိမ်ပြန်နောက်ကျပြီထင်တယ်...ခင်ဗျာလုပ်တာနဲ့.. "
လိုချင်တဲ့  ပွိုင့်ကို ရောက်လာပြီလေ ဒါက ကိုယ်ဂွင်ပဲ..သူရိန်မသိအောင် ကားမောင်းနေရင် နှုတ်ခမ်းစွန့်နားလေး ကွေးသွားအောင်ပြုံးလိုက်ပြီ..
" ကိုယ်နဲ့ ဟိုတယ်မှာ လိုက်အိပ်လိုက်လေ မနက်ကျမှ ပြန်ပို့ပေးမယ်.."
သူရိန် ဥက္ကာ ဘက်ကို ချက်ချင်းလှည့်လာပြီ.. မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားတော့..
" ခင်ဗျာ ဘာစကားပြောတာလဲ.."
" ကိုယ်ပြောတာက ကိုယ်နေတဲ့ နေရာက အခန်းကျယ်တယ် လေးငါးယောက်လဲ အိပ်လို့ရတယ်...အဲတာကိုပြောတာပါ...တခြားသဘောနဲ့ ပြောတာမဟုတ်ပါဘူး.. "
ဥက္ကာ ပြာပြာသလဲ ပြန်ရှင်းပြလိုက်တော့..
" ကျွန်တော်ကို အဲ ဟိုတယ်က လူတွေက ဘယ်လိုထင်မလဲ..ပြိတော့ ကျွန်တော်က ဒိမြို့က ဆရာဝန်တယောက်က.. "
" ကိုယ်နာလည်းပြီ..အဲတာဆို ဟိုတယ်မှာ မအိပ်ခြင်းရင်.. ကိုယ်အိမ်ကိုပဲ ခေါ်သွားမယ် အိမ်မှာပဲ အိပ်လိုက်...အဲတာဆို ဘယ်သူမှမသိဘူး...အိမ်ကလူတွေလဲ ညီနဲ ပတ်သတ်တာ ဘယ်သူမှမပြောရဲဘူး..ပြောတဲ့ သူတွေကို ညီရှေ့မှာတင် ကိုယ်အပြစ်ပေးမယ်..ဘယ်လိုလဲ.."
YOU ARE READING
၃၁ဘုံမှာဦးအချစ်တတ်ဆုံး
Romanceတကယ်လို့ ကလေး နဲ့ သာမဆုံဖြစ်ခဲ့ရင် ဦး ကံကြမ္မာလဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဦးမတွေးဝံ့နိုင်ဘူး ဦးမင်းသွေးပိုင်ဆိုတဲ့ လူရဲ့ဘဝမှာလဲ နာမည်နဲ့လိုက်အောင် လိုချင်တာကို မင်း ရဲ့ သွေးပဲဖြစ်နေတာပါစေ ပိုင်ဆိုင်နိုင်အောင်လဲ လုပ်နိုင်တယ် ကလေးရဲ့ ဘဝကိုလဲ အတ္တမပါပ...