၂၄ Z-U

11.2K 856 47
                                    

" သြော် လာကျသေးတယ်နော် ဒီကအမကြီးက ငါမောင်လေးတွေ လင်နောက်အပြီလိုက်သွားတယ်ထင်နေတာ.. "

" မရွဲ့ပါနဲ့ ဗျာ စိတ်မကြည်ရတဲ့ ကြားထဲ့ "

ထိုအသံပိုင်ရှင်မှာ သူရိန်ဖြစ်သည်

" စိတ်မကြည်ရအောင် ညက အိပ်ရေးပြတ်ခဲ့လို့လား စာတွေအရမ်းမဖတ်နဲ့ တခါတည့် ဦးနှောက်တွေကျွမ်းပြန်ကုန်မယ် "

စာပွဲခုံပေါ် လက်မောင်းခုပြီ ခေါင်းအုံးကာ မျက်လုံးမှိတ်ထားသော အနှီလူသား ဘာတွေများ စိတ်ဓာတ်ကျစရာရှိနေလဲမသိဘူး

သုနရီ နားနေခန်းထဲ့ ဝင်လာရင် ဖြူစင်သူကို မေ့ငေါ့ပြပြီ

" မမဖြူ  ဟိုတယောက်ဘာဖြစ်နေတာလဲ "

" ဘာဖြစ်ကမှာလဲ စိတ်ညစ်လို့တဲ့"

ုဖြူစင်သူ အဖြေစကား ဆုံးတော့

" စိတ်ညစ်ရအောင် လကုန်တော့မှာမလို့ အိမ်ရှင်က အိမ်လခများတောင်းနေလို့လား "

Aww ရွှေဥာဏ်တော် စူရောက်ပါပေတယ် ညမလေးရယ် မပြောလိုက်ခြင်းဘူး တကယ်တဲ့

" အိမ်လခတောင်းရအောင် သူက ဘယ်အိမ်မှာ ငှါးနေလို့ အိမ်လခ အကြွေးပေးရမှာလဲ သူခုနေတဲ့ အိမ်က သူအိမ်လေ မိဘတွေကိုပြန်ထောက်ပံပေးနေရတယ်ဆိုရင်လဲ တမျိုးပေါ့ "

" အော် မေ့နေတာ ညက မမဖြူ ပြောတယ်လေ မနေ့က ကားနဲ့ လာခေါ်တဲ့ သူက သူရိန်ုကိုသဘောကျနေတဲ့ သူဆို "

" ဟုတ်တယ်လေ ဘာဖြစ်လို့ အဲတာ "

" မမ စဉ်းစားကြည့် အဲ အကိုက သူရိန်ကို ခြိမ်းခြောက်ပြိ ငွေတွေ ညစ်တောင်းတာရော မဖြစ်နိုင်ဘူးလား "

မေသုနရီ ရေ ဒီဆေးရုံက နံရံတွေက အရမ်းကောင်းတာ သိလား ခေါင်းနဲ့သာ ဆောင့်လိုက်တော့

" ဥာဏ်ကြီးရှင် ဒေါ်မေသုနရီ ရှင်ဘယ်လို့ ဥိးနှောက်နဲ့ ဆရာဝန်ုလိုင်းကို မှီလာတာလဲ "

မေသုနရီ ဂျူတီကုတ် ကော်လန်ကို ခပ်စက်စက်လေဆွဲ ချပြီ

" ဟာ.. မမကလဲ သုနရီ ပြောလိုက်ရင် ကိုယ်ကို ကြွားတယ်ထင်အုံးမယ် "

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now