44

15.4K 876 130
                                    

မနက်စာ စားပြီတဲ့က အဖိုးနဲ့ အတူတူ ဧည့်ခန်းထဲ့ စီးပွားရေး အကြောင်း ခေါင်းချင်းဆိုင်ပြီ ဆွေးနွေးနေရတာနဲ့ နှစ်နာရီလောက်တောင်ကြာသွားခဲ့ပြီ ....

" အဖိုး.... "

" ဘာလဲ..... ဘယ်တော့ပြန်မှာလဲ...."

" မင်း.... တော်တော် ကိုယ်ချင်းစာတရားမရှိတဲ့ သတ္တဝါပဲ..... အားနေ ငါကို နှင်လွတ်ဖို့ပဲ ချောင်းနေတာ.."

ခဏကြာတော့ မိုးမခ သစ်သီးပန်ကန်းလေး ကိုင်ထားပြီ ဧည့်ခန်းထဲ့ ရောက်ချလာတယ်...

" အဖုိး ....ဦး ဒီမှာ ကျွန်တော် အစားပြေစားလို့ရအောင် အသီးခွဲလာတယ်... ထမင်းဆာရင်ပြောနော် အဖိုး....အကုန်အဆင့်သင့်ဖြစ်နေပြီ.... မစားတော့ဘူး မြေး...အဖိုး ခဏနေ ရန်ကုန်ကို သွားမလို့ အလုပ်ကိစ္စနဲ့ ချိန်ထားတဲ့သူတွေလဲရှိတယ်..." .

" အဖိုးကလဲ ချက်ချင်းကြီး.... နေပါအုံးလား..ဗျာ.. မနေ့ကမှ ရောက်တာ... ဘာလို့လဲ ဦး က ဘာပြောလို့လဲ အဖိုးကို.... "

" ဘာမှ မပြောပါဘူးကွာ... အဖိုးက အလုပ်ကိစ္စနဲ့ သွားမှာပါ အနည်းဆုံးကြာ တပတ်လောက်ပေါ့...."

" တစ်ပတ်ကြီးများတောင်.... ဒီလိုလုပ်ပါလား ဦး ကို သွားခိုင်းလိုက်ပါလား..."

" ကလေး...."
ဒီ ေမြးအဖိုးနှစ်​​ေယောက်ကြားထဲ့ ဘာတခုမှ ဝင်မဟတဲ့ မင်းသွေးပိုင်တစ်ယောက်... မိုးမခ စကားကြောင့်... ဝင်ပါမိပြီ....

" နေပါစေ ကွာ... တကယ်လို့များ ဒီခရီးကို လူစားထိုးလွှတ်လိုက်မယ်ဆို .... နောက်ဆက်တွဲ ပြသနာ အဖိုးတွေးရဲမှာတောင် မဟုတ်တော့ဘူး...ဟုတ်ပြီလား...."

" ဟုတ်ကဲ့...အဲတာဆို လမ်းခရီးကို ဂရုစိုက်နော် အဖိုး.... ပြီတော့ အဖိုး.... "

" ဟုတ်ပါပြီကွာ.... ငါမြေးသမက်လေးက က ဟော်ဒိက အဖုိးကို ဂရုစိုက်တော့ အဖိုးရဲ့ သွေးရင်းသားရင်းလေးဆို ဘယ်လောက်ကောင်းမလဲ.... တကယ် သွေးရင်းသားရင်းတွေက.... မြေးလေးလို့ စိတ်ဓာတ် နည်းနည်းလေးရှိတောင် အဖုိး ဝမ်းသာအုံးမှာ.... "

မင်းသွေးပိုင် ပြောမလို့ ပါးစပ် ဟလုိက်ရုံရှိသေးတယ်.... မိုးမခ လှမ်းကြည့်လာတာကြောင့် လည်ချောင်းထဲ့က ထွက်လာမယ်စကားလုံးအစား သက်ပြင်းရှည်ကြီးသာ ဆွဲချလိုက်တော့သည်..

၃၁ဘံုမွာဦးအခ်စ္တတ္ဆံုး On viuen les histories. Descobreix ara