၃၀ Z-U

8.2K 607 26
                                    

ကျွန်တော် မြို့နဲ့ မနီးမဝေးလေးမှာ တောရကျောင်းတခုရှိပါတယ်..အဲမှာက သက်ကြီးတဲ့ အဘိုးအဖွားတွေပါ ထိန်းသိမ်း စောင့်ရှောက်ထားတဲ့  ဘိုးဘွားရိပ်သာတခုရော ရှိတာ.. ကျွန်တော်တို့ ဆေးရုံက အသိ ဆရာဝန်တချို့ ဆေးသွားကုရင် အဲနေရာကို သိနေတာကြာပါပြီ ဦးကို တိုင်ပင်ကြည့်တော့.. ဦး ကကျွန်တော် သဘောတဲ့... ဦး လဲ ကျွန်တော်ရွေးချယ်လိုက်တဲ့ နေရာလေးကို တော်တော်လေးကို သဘောကျနေပါတယ်...

အိပ်ခန်းထဲ့က ကုတင်ပေါ်မှာ ဦးစိုင်းခရဲ့ ၆လပြည့် ရည်စူးပြီ သပိတ်သွတ်ဖို့  ဖိတ်ကြါးလွှါတချို့နှင် အလုပ်ရှုပ်နေသော kha ရယ်၊ ကုတင်ဘေး မလှမ်းမကမ်းက ကွန်ပြူတာတလုပ်နဲ့ အလုပ်ရှုပ်နေသော မင်းသွေးပိုင်.. desktop ပေါ်က ပြေးလွှားနေတဲ့ လက်တွေ ခဏမျှရပ်သွားပြီ ကလေးဆီကို အကြည့်ရောက်သွားတော့... ဘောပင်တချောင်းနဲ့ နာမည်အမည်ရေးထိုးနေသည်

' ဦးရေ ကျွန်တော် စာရင်းတွေအကုန် ပေးလိုက်ပြီ အလျှံအပဲ လုပ်ထားတယ် ပြီတော့ ဒီတခါ ဖေဖေအတွက် ရည်စူးပြီ ကျွန်တော် အဲလိုနေရာတွေမှာ အလှူလုပ်ရတာ အရမ်းပျော်တာပဲသိလား.. ´

ကလေးခုလို့ မျိုး အပြုံးတွေ အတိပြည့်နေတဲ့ မျက်နှာလေးက ခါတိုင်းတွေ့နေကျ မျက်နှာမျိုးနဲ့ မတူပါ.. အရမ်းကို သဒ္ဒါတရားထက်သန်နေတဲ့ အပြုံးတွေနဲ့ ဝေးနေတဲ့ ကလေးငယ်ရဲ့ အပြုံးပန်းတွေ ကြည့်ပြီ ကျွန်တော်လဲ ကလေးနဲ့ ထပ်တူ အပြုံးတွေကူးစက်ကုန်ပြီ..
ဆိုဖာပေါ်ထိုင်နေရင် ကုတင်ဘေးတဖက်တချက်ကနေ ကလေအနားလေးကို တိုးပြီ  တခြမ်းစောင်းထိုင်လိုက်သည်

ကျွန်တော် ကလေးငယ်ရဲ့ ဆံသာလေးတွေကို လက်ချောင်းတွေနဲ့ ထတိုလိုက်ပြီ.. နားသယ်စပ်နားလေးကို ကျွန်တော် လက်ဝါးနဲ့ အုပ်မိုးလိုက်ပြီ

' ကလေး အရမ်းပျော်နေလား ´

' ပျော်တာပေါ့ဗျာ.. ဦးကလဲ မေးတတ်လိုက်တာ ဦးရော မပျော်ဘူးလား..´

' ပျော်တာပေါ့ ကလေးရဲ့... ကလေးမျက်နှာလေး ခုလို ပြုံးပျော်နေတာမြင်ရရင် ကလေးထက်တောင် အဆများစွာ ပျော်သေးတယ်..´

မင်းသွေးပိုင် Kha ရဲ့ ကိုယ်လုံးလေးကို သိမ်းကျုံပြီ ဖက်ထားလိုက်သည် ဒိကောင်လေးကို ဖြစ်နိုင်ရင် ဘယ်တော့မှ ရင်ခွင်ထဲ့ကနေ ပြန်ထုတ်မပေးခြင်းတော့ပါ..

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now