၃၁

8K 640 44
                                    

ကားတိုင်းကားတိုင်းမှာ သူလူနဲ့ သူ မိုးမခတို့ ကားပေါ်မှာ သူလူကြီးရယ်သူရယ် ဦးနောင်တို့လင်မယားရယ် တခြားကားပေါ်မှာလဲ နီးရာစပ်ရာမိတ်ဆွေ အပေါင်းသင်း သူလူနဲ့သူ ကားဆယ်စီးကျော်လောက်က ပြည့်နေခဲ့သည်..
ထိုအထဲ့မှာ ဥက္ကာရံ ရဲ့ ကားပေါ်တွင် မောင်းနှင့်သူနေရာတွင် သူတယောက်ကလွဲ၍မည်သူမျှရှိမနေပါ..
...
ကားပေါ်ကို အလျှိလျှိုတတ်သွားကြတဲ့ သူတွေကြားထဲ့ ထိုကောင်လေး တခြားလူမောင်းတဲ့ ကားပေါ်ရောက်မသွားအောင် ဘုရားတနေမိတယ် တသက်နဲ့ တကိုယ် ဥက္ကာရံ ဆိုတဲ့ ကျွန်တော် အိပ်ခါနီတောင် ဘုရားရှီခိုးဖို့ အလေ့ကျင့်မရှိခဲ့ပါ..

နောက်ဆုံး ဘုရားသခင်ကကျွန်တော် ဆုတောင်းသံကို ကြားခဲ့တယ်ထင်ပါတယ် ..မိုးမခတယောက် မင်းသွေးပိုင်မောင်းတဲ့ ကားပေါ်ကနေ ဆင်းလာပြီ ထိုကောင်လေးကို ဘာပြောလိုက်လဲမသိဘူး..ကျွန်တော်ရပ်ထားတဲ့ ကားနားကို ဦးတည့်ပြိ သူလျှောက်လာတယ်...

ကျွန်တော်အကျင့်က ကားရပ်ထားလို့ အထဲ့လူရှိလဲ ကားမှန်ကိုချထားတဲ့အကျင့်မရှိပါ..သူလေး ကျွန်တော်ထိုင်နေတဲ့ driverဘက်ခြမ်းကို ရောက်လာပြီ ကားမှန်ကို လက်ထိပ်လေးနဲ့ လာခေါက်တယ်..
ကားမှန်ကို  လျော့ကျလိုက်တော့
မတွေ့တာကြာပြိဖြစ်တဲ့  ထိုကောင်လေးရဲ့ မျက်နှာလေး..ကျွန်တော်တို့ မတွေ့ဖြစ်လိုက်တဲ့ အချိန်တွေ သူမျက်နှာလေးတောင် တော်တော်ချောင်ကျသွားတယ်.. သူအလုပ်တွေပင်ပန်းနေလို့လား..
ဒါပေမယ် ဒိနေ့တော့ တမျိုးလေး သူဝတ်ထားတဲ့ လည်ဂတုံအဖြူနဲ့ ယောပုဆိုး နီညိုရောင်လေး မြင်နေကြ ဂျူတီကုတ်မဟုတ်ဘဲ မျက်စိထဲ့ တမျိုးလေး ချစ်ဖို့ကောင်းနေတယ်.. ဆံပင်လဲ စာအုပ်ပုံစံအကွဲလေးနဲ့ သူလေးသိပ်ကြည့်ကောင်းနေတယ်..ဘာဆေးဆိုးအကူညီမှမရှိဘဲ နဂိုတဲ့ ပန်းဆီရောင်သန်းနေတဲ့  တချိန်က အတင်သိမ်းပိုက်ခဲ့တဲ့ နှုတ်ခမ်းပါးလေး လွမ်းမိတယ်...

လွမ်းစရှည်စေဆိုသလို့ မကြားရကြာပြိဖြစ်တဲ့ သူအသံလေးနဲ့ ကျွန်တော် လွင့်နေတဲံ့စိတ်ကို ပြန်စုစည်းပေးခဲ့တယ်

"ကားတွေအကုန် လူပြည့်လို့ ခင်ဗျာ ကားနဲ့ လိုက်စီးလို့ရလား.."

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now