Chapter(15+16)

3.1K 670 6
                                    

Chapter(15)မင်းရဲ့သား

ဝူရုန်သည် ဥကိုအမြန်ဖမ်းလိုက်ရင်း"ငါ့ရဲ့ဥ"သူကစိတ်ရှုပ်သွားတယ်။

ကျင်းရှင်သည် ဝူရုန်ကို စိုက်ကြည့်လိုက်ရင်း"ဒါက မင်းခြေထောက်ကြားက ထွက်လာတာလေ။မင်းဟာမဟုတ်လို့ ဘယ်သူ့ဟာဖြစ်နိုင်မှာလဲ?"

"ဘာ?"ဝူရုန်သည် ထိတ်လန့်သွားပြီး"ငါ့ခြေထောက်ကြားက ထွက်လာတယ်"

လီးဖြစ်တာလား?

လာနောက်နေတာဘဲဖြစ်ရမယ်။

ကျင်းရှင်က ထပ်ပြီးမရှင်းပြတော့ဘဲ ပျောက်ကွယ်သွားတယ်။ဝူရုန်သည် သူ့လက်ထဲမှာ ဥကိုကိုင်ထားပြီး ကျင်းရှင်ကို တားဆီးရန် ကြိုးစား၍ အော်ပြောလိုက်တယ် "ဟေ့ ဟေ့ ဒီအကြောင်းကို ထပ်ပြီးပြောပြအုန်း"

သူက ယောကျာ်းလေးတစ်ယောက်လေ!ဘယ်လိုလုပ်ပြီး ဥ ဥနိုင်မှာလဲ?

ဝူရုန်က ကျင်းရှင်က အိပ်နေသည့်အချိန်မှာ ဆင့်ခေါ်လိုက်မိတာကြောင့် ကျင်းရှင်က ဥကို သူနှင့်အတူ ယူဆောင်လာပြီးသူ့ကိုပေးလိုက်ပြီး ရယ်စရာလုပ်တာဖြစ်နိုင်လား?ဒါပေမဲ့ ကျင်းရှင် အကြောင်းကို သူသိတာကတော့ ကျင်းရှင်က ရယ်စရာလုပ်တတ်သည့် လူမျိုးမဟုတ်ဘူး။

ဒါဆိုရင် ဒီဥကရော ဘယ်ကနေ ပေါက်လာတာလဲ?အဖြေကိုတော့ ကျင်းရှင်ကဘဲ သိနိုင်တယ်။ဒါ့ကြောင့်သူက ကျင်းရှင်က နောက်တစ်ခါလာမှ မေးရပါမယ်။

ဝူရုန်သည် သူ၏စိတ်စွမ်းအားကို ဥထဲကိုပို့လွတ်၍ ခံစားကြည့်လိုက်သည့်အခါ အထဲမှာ အဖြူရောင်အသားလုံးကြီးကိုဘဲမြင်ရတယ်။

အဲဒီအချိန်မှာဘဲ ဟေးရွမ်ရီက တံခါးကို တွန်းဖွင့်ပြီး အခန်းထဲကို ဝင်လာခဲ့တယ်။ဟေးရွမ်ရီက အခန်းထဲကို စူးစမ်းလိုက်ကြည့်၍စစ်ဆေးလိုက်ပြီး"နတ်ဆိုးတွေလာသွားလား?"

ဟေးရွမ်ရီက အနောက်ဘက်ခြံဝင်းထဲမှာ နတ်ဆိုးတွေရောက်လာတာကို အာရုံခံမိတာကြောင့် အပြေးအလွားလာခဲ့တာဖြစ်တယ်။

"အွင်း"ဝူရုန်သည် ဟေးရွမ်ရီကို မဖုန်းကွယ်ချင်တာကြောင့် မလိမ်ညာဘဲ အမှန်အတိုင်းပြောလိုက်တယ်"အခုလေးတင် ထွက်သွားတာ"

COTAW(Zawgyi)Where stories live. Discover now