Chapter40:မှော်လက်နက်တွေလုပ်ဖို့ပစ္စည်းတွေကမလုံလောက်ဘူးလား?

2.8K 597 6
                                    

ခန်းမထဲမှာရှိသည့် လူတိုင်းရဲ့အကြည့်က ဝူရုန်ပေါ်ကို ကျရောက်လာတယ်။

ဝူချွင်ချင်က ဝူရုန်ကမှားယွင်းစွာ ပြောမိမှာကို စိုးရိမ်နေတယ်။

ဝူရုန်သူ့ကို ကြည့်နေသည့်လူတွေကို စိတ်လှုပ်ရှားစွာနှင့်ပြောလိုက်တယ်"ဒါကထူးခြားသည့်စိတ်ကူးဘဲ"

ဝူချွင်ချင်ကပိုပြီးမျက်မှောင်ကြုတ်လိုက်တယ်။

ဝူချွင်ဂျင်က ပြုံးနေပေမဲ့ သူနှလုံးသားထဲမှာတော့ ရယ်မောနေပြီး ဝူရုန်ကို အရူးတစ်ယောက်လို မြင်နေတယ်။

ဝူချွင်ဂျင်၏အခြားညီအကိုတွေကလည်း အဓိပ္ပာယ်ပါပါပြုံးနေကြတယ်။

ဝူပုဖန်၏ မျက်ခုံးတွေဟာမြင့်တက်သွားပြီး သူကပြုံး၍မေးလိုက်တယ်"ဒါဆိုမင်းကဘယ်လိုတွေးထားလဲ?"

"...."ဝူချွင်ချင်ကအလွန်ကိုစိုးရိမ်လျက်ရှိတယ်။တကယ်လို့ သူ့သားက သူ့အကိုကြီးပြောတာကို သဘောတူလိုက်ရင်ဟေးရွမ်ရီ၏ လက်ဆောင်တွေကို ငှားပေးလိုက်ရမှာဖြစ်ပြီး သူတို့က ဒီမှော်လက်နက်တွေကို ပြန်ပေးမှာမဟုတ်ဘူး။

"သေချာတာပေါ့"ဝူရုန်က သူပြောတာကိုနားမလည်လိုက်စိုးသလိုနှင့် ဆက်ပြောလိုက်တယ်"ကျွန်တော့်အဖေနဲ့ ကျွန်တော်က မှော်လက်နက်တွေလုပ်နေတာ။ ဒါပေမဲ့ အချို့ပစ္စည်းတွေက ပြသနာရှိနေတယ်။ အခုဦးလေးရဲ့စိတ်ကူးကိုကြားရတာ သတင်းကောင်းဘဲ။ဦးလေးက ကျွန်တော်တို့ကို သံမဏိမီးကိုငှားနိုင်မလား?ပြီးတော့ တခြားဦးလေးတွေကရော ကျွန်တော်တို့ကိုသလင်းကျောက်ငှက်မွှေးသံချပ်ကာ  ဖြိုဖျက်ခြင်းသဲ အရိုးမီးတောက်သံတွေကို ငှားပေးနိုင်မလား?အဲဒါတွေကို ငှားပေးနိုင်မလား?ကျွန်တော့်အကိုကြီးက လေ့ကျင့်ရေးကနေ ပြန်လာတဲ့ အချိန်မှာ သူကတူညီတဲ့ ပစ္စည်းတွေကို ရှာပြီးပြန်ပေးမှာပါ"

ဒီပစ္စည်းတွေက အဖိုးထိုက်တန်သည့် ရတနာတွေဖြစ်ပြီး ညီအကိုလေးယောက်က နှစ်ပေါင်းများစွာကြာအောင် ရင်ဝယ်ပိုက်ထားတာဖြစ်တယ်။သူတို့က သူတို့ကိုယ်တိုင်မှော်လက်တွေပြုလုပ်ရင်တောင် ဒီပစ္စည်းတွေကို အသုံးပြုဖို့ လိုလိုလားလားမရှိဘူး။

COTAW(Zawgyi)Where stories live. Discover now