Chapter62:အဲဒါကအကောင်ပေါက်တော့မယ်

2.2K 458 5
                                    

ဝူဇူနှင့်ဝူရှီသည် အိမ်ပြန်လာသည့်အခါ သူတို့က သူ့ဦးလေးတွေ လုပ်ခဲ့သည့် အကြောင်းကို ကြားပြီးထိတ်လန့်သွားတယ်။သူတို့ဦးလေးတွေက သူတို့မိသားစုကို ဒီလိုမျိုး လုပ်လမ့်မယ်လို့မထင်ထားခဲ့ဘူး။သူတို့က အလွန်စိတ်ဆိုးဒေါသထွက်ပေမဲ့  သူတို့က အငယ်တွေသာ ဖြစ်လို့ သူတို့ဦးလေးတွေကိုဘာမှပြန်ပြောလို့မရဘူး။ဒါကြောင့် သူတို့က ဒေါသတွေကိုမျိုသိပ်ပြီး ဝူရုန်ကို မှော်လက်နက်တွေလုပ်ဖို့ ပစ္စည်းအမျိုးအစားတွေကို ခွဲသည့်နေရာမှာသာ ကူညီပေးကြသည်။

ဝူရုန်က ညစာစားပြီးနောက် လူတွေအားလုံး၏ အကြည့်အောက်မှာဘဲ မှော်လက်နက်တွေပြုလုပ်ဖို့ ပစ္စည်းတွေ တင်ထားသည့်လှည့်ဆယ့်သုံးစီးနှင့်အတူ တောင်ဘက်ခြံဝင်းမှ ဟေးအိမ်တော်ကို ပြန်လာခဲ့သည်။

ရထားလုံးထဲမှာတော့ ပိုင်ရှင်ယုသည် ဗိုက်ဆာလွန်းတာကြောင့် ရှိယန်သူ့ကိုပေးထားသည့် ဘန်းမုန့်တွေကို အဆက်မပြတ်သွပ်ထည့်စားသောက်နေတယ်။ပိုင်ရှင်ယုက စားပြီးသွားသည့်အချိန်တွင် ဝူရုန်ဘက်ကို လှည့်ပြီးမေးလိုက်တယ်။

"သခင် ကျွန်တော်ပြောစရာရှိတယ်။အခု ကျွန်တော့်ရဲ့စာချုပ်ကို ဖျက်ပေးပါလား?"

ဝူရုန်က ဒါကိုကြားတော့ ပြုံးပြီးပြောလိုက်တယ်"ငါ့စာချုပ်က ဖျက်လို့မရဘူး။ဒါကအမြဲတမ်းရှိနေလိမ့်မယ်"

"ဘာ"ပိုင်ရှင်ယုသည်ဒေါသထွက်လာပေမဲ့ သူကတတ်နိုင်တာ ဘာမှမရှိဘူး။

"မင်းက ငါ့ကိုသစ္စာရှိနေသရွေ့ ဒါကဘာမှမဖြစ်ဘူး။မင်းကြိုက်တာရာကို မင်းလုပ်လို့ရတယ်။မင်းကိုမင်း ကျွန်တစ်ယောက်လို ခံစားစရာမလိုဘူး။မင်းက လွတ်လပ်စွာ ကြိုက်ရာလုပ်နိုင်တယ်။ဒါပေမဲ့ မင်းက အခု မင်းလိမ်ထားတာတွေကို မပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာဘဲ စိုးရိမ်နေသင့်တယ်"

"ဘာ ဘာလိမ်ထားတာလဲ?"ပိုင်ရှင်ယုက စိတ်ရှုပ်သွားတယ်။

"မင်းက ဝူရှီးတို့ကို မင်းသူငယ်ချင်းက မွန်းစတားဖမ်းဖို့မှော်လက်နက်တွေလိုတယ်လို့ လိမ်ထားတာမလား?ငါ့ဦးလေးတွေက ဒါကိုအလွယ်တကူယုံမယ်လို့ထင်နေတာလား?သူတို့က မင်းလိမ်ထားတာသိသွားရင် မင်း..."ဝူရုန်က ဒီမှာဘဲ ဆက်မပြောဘဲ ရပ်ထားလိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now