Chapter(100)

2K 356 16
                                    

Chapter(100)ရေခဲပြင်အက်ကွဲခြင်း

"အသင်းတွေအားလုံးက အများအားဖြင့် စွပ်ဖာလှည်းတစ်ခုကို တစ်ယောက်စီဘဲ စီးတာလေ။ငါတို့က ဘယ်လိုလုပ်ပြီး မင်းတို့သုံးယောက်က စွပ်ဖားလှည်းတစ်ခုတည်းကို အတူစီးမှာလဲဆိုတာ သိမှာလဲ?"ဝူရှန်းသည် ကတ်သီးကတ်သက်ပြောလိုက်သည်။

ဝူရုန်၏မျက်ဝန်းတွေသည် အေးစက်သွားပြီး သူကစွပ်ဖားလှည်းလက်ကိုင်ကို ပုတ်လိုက်ပြီးပေးစက်စွာပြောလ်ုက်သည်။

"ဟန့်!မင်းတို့တကယ်ပြောနေတာလား!!"

ဟေးအိမ်တော်၏ကိုယ်ရံတော်တွေသည် ချက်ချင်းဘဲ ဝူရှန်းတို့၏လူစုကို ဝိုင်းထားလိုက်သည်။ဟေးအိမ်တော်မှ ကိုယ်ရံတော်သုံးဆယ်သည် သိသာစွာပင် ဝူရှန်းတို့လူစုထက် ဒါဇင်ချီပိုများသည်။

"ဝူရုန် မင်းငါတို့ကိုခြိမ်းခြောက်ချင်တာလား?"ဝူရှန်း၏မျက်နှာသည် မည်းမှောင်သွားပြီး လေးလံစွာပြောလိုက်သည်။

"မင်းကဘဲ ငါ့ကိုတစ်ယောက်ချင်းစီကစားတဲ့အဖွဲ့ကိုဘဲ ထည့်တွက်သင့်တယ်လို့ ပြောတယ်မလား?မင်းကဘဲ ငါ့ကိုအရင်ဖိအားပေးတာ"ဝူရုန်သည် အနားမှာရှိနေသည့်လူစုကို ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"အကိုရှန်း လူတွေအားလုံးက မင်းတို့ကိုကြည့်နေတယ်နော်။မင်းက အရှေ့ခြံဝင်းရဲ့ဂုဏ်သိက္ခာကို မပျက်စီးစေချင်ဘူးမလား?"

ဒီနေ့မှာဖြစ်ပျက်ခဲ့သမျှက လျှင်မြန်စွာ သတင်းပြန့်သွားပြီး လူတိုင်းက သိသွားနိုင်သည်။

တောင်ဘက်ခြံဝင်း၏ဂုဏ်သိက္ခာပျက်စီးသွားကတည်းက ဘယ်သူ့ကမှ သူတို့ကို အခကြေးငွေပေးပြီး ငှားရမ်းဖို့အတွေးမရှိတာ့ဘူး။ဒီအကြောင်းကို တွေးမိတာနှင့် ဝူရှန်းသည် ရွေးစရာမရှိတော့ဘဲ  ဟေးရှင်းက သူ့ကိုပေးထားသည့်ငွေပြားတစ်သောင်းတန်ဘဏ်လက်မှတ်နှင့်သူတို့က ဝူရုန်ကို ရှုံးသည့်အတွက် ရွှေပြားတစ်ရာကို ပေးလိုက်သည်။

"အကိုရှန်း မင်းတို့အားလုံးရှုံးတာလေ။တစ်ယောက်ချင်းစီအတွက် ရွှေပြားတစ်ရာပေးသင့်တာမလား?"ဝူရုန်က ရွှေပြားတွေကို ရေတွကလိုက်ရင်းပြောလိုက်သည်။

COTAW(Zawgyi)Opowieści tętniące życiem. Odkryj je teraz